Home
မြန်မာသတင်း
ရွှေပြည်သာမြို့နယ်ရဲစခန်း ဗုံးဖြင့်တိုက်ခိုက်ခံရပြီး လုံခြုံရေးတိုးမြှင့်ထား
DVB
·
December 14, 2023
police_14122023

ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်ရှိ မြို့နယ်ရဲစခန်းမှာ ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီ ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ည ၉ နာရီဝန်းကျင် ရွှေပြည်သာမြို့နယ် တော်ဝင်ရဲစခန်း ဗုံးနဲ့ပစ်ခတ်ခံရတာကြောင့် ပေါက်ကွဲခဲ့ပြီး သေနတ်သံအချို့လည်း ကြားရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ညက ဗုံးနဲ့ပစ်ခံရတာထင်တယ်၊ ဗုံးပေါက်တာ နှစ်ခါ၊ ပြီးတော့ သေနတ်သံတွေ ထွက်လာတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့မကြားရဘူး။" 

ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့နယ်ခန်းမမှာရှိနေတဲ့ စစ်ကောင်စီတပ်ရင်းတွေ လာရောက်ပူးပေါင်းကာ ရဲစခန်းအနီး ဝန်းကျင်လမ်းတွေကို ခေတ္တပိတ်ထားခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"လူထိခိုက်တာ မရှိပေမဲ့ ဗုံးပေါက်ပြီး သေနတ်သံတွေ ကြားရတာဆိုတော့ လူတွေလည်း လန့်သွားတယ်၊ ဌာနဆိုင်ရာက လူတွေလည်း သတိထားနေကြတယ်။ စစ်တပ်က တော့ စစ်ဆေးနေတယ်။" 

လတ်တလောမှာ ရွှေပြည်သာမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရေရုံးတွေအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က လုံခြုံရေးချထားပြီး မြို့တွင်းမှာလည်း ကားနဲ့ကင်းလှည့်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ရွှေပြည်သာမြိုမရဲစခန်းနဲ့မြို့နယ်ခန်းမတို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်နဲ့ရဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024