ပါကစ္စတန်နိုင်ငံ တရားရုံးက ၀န်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ဒီဇင်ဘာ ၁၃ ရက်မှာ စွဲချက်တင်ခဲ့ပြီး အကျဉ်းချခံထားရတဲ့ အင်မ်ရန်ခန်းကလည်း ဒီစွဲချက်တွေအတွက် အပြစ်မရှိကြောင်း ဒီဇင်ဘာ ၁၃ ရက်က လျှောက်လဲပြောကြားခဲ့ပါတယ်။
ဒီစွဲချက်ဟာ အကျဉ်းကျခံထားရတဲ့ ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အခွင့်အလမ်းသစ်ကို အလဲထိုးလိုက်တာပဲလို့လည်း ဝေဖန်နေကြပါတယ်။
စွဲချက်တွေဟာ မနှစ်က ဝါရှင်တန်ရှိ ပါကစ္စတန် သံအမတ်က အစ္စလာမာဘတ်ကို ပေးပို့တဲ့ လျှို့ဝှက်ကြေးနန်း သတင်းစကားနဲ့ ပတ်သက်တဲ့ကိစ္စဖြစ်ပြီး ခန်းဟာ အဲဒီကိစ္စကို လူသိရှင်ကြား ဖြစ်အောင် လုပ်တယ်လို့ စွပ်စွဲထားတာပါ။
လျှို့ဝှက်ကြေးနန်းစာပါ အကြောင်းအရာတွေကို မီဒီယာတွေမှာ တခြားသတင်းရင်းမြစ်တွေကနေ ပေါ်ထွက်ခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်းက အရင်က ပြောကြားခဲ့ပါတယ်။
ခန်းရဲ့ရှေ့နေ ဂိုဟာခန်းက “တရားစွဲဆိုထားတဲ့ စာရွက်လည်း မပါကြောင်း၊ တရားသူကြီးက စွဲချက်စာရွက်မှာ တရားခံကို လက်မှတ်ထိုးခိုင်းပြီး စွပ်စွဲခံရသူမှ လက်မှတ်ရေးထိုးမှသာ စွဲချက်က တရားဝင်မယ်” လို့ စွဲချက်ကို ငြင်းဆန်ထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အပြစ်ရှိကြောင်း စီရင်ချက်ချခံရရင် ထောင်ဒဏ် ၁၄ နှစ်အထိ သို့မဟုတ် သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ရှေ့နေတွေက ပြောပါတယ်။
Source/Photo - Reuters