Home
မြန်မာသတင်း
ကရင်နီ စစ်ရှောင်များ သောက်ရေသုံးရေ အကူအညီလိုအပ်နေ
DVB
·
December 12, 2023
Kareeni War Victims need Water_12122023

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်း၊ ဖယ်ခုံနဲ့ ဖရူဆိုအနောက်ခြမ်းတို့က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးလာပြီး သောက်ရေသုံးရေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။

မိုးရာသီက လှောင်ထားတဲ့ရေတွေ ကုန်သလောက်နီးပါးဖြစ်ကာ ရေကားကြီး တစ်စီးကို ကျပ် ၅၀,၀၀၀ ၊ ရေကားသေးကို ကျပ် ၂၅,၀၀၀ ပေးဝယ်ရပါတယ်ပြီး စစ်ရှောင်မိသားစုတစုကို တရက်ရေ ၅ ဂါလန် ၃ ပုံးနဲ့ အိမ်ထောင်စုများတဲ့ စခန်းကို တစ်ပုံး ခွဲတမ်း ရပါတယ်။

ထွန်းမြန်မာ ဒိုနေးရှင်းအဖွဲ့မှ ကိုဖိုးဇော်က “ရေရဖို့အတွက် အဓိကကတော့ အလှူငွေရဖို့ပါပဲ။ အလှူရှင်ရှိရင် ရေဖြည့်ပေးနိုင်တယ်။ ရေသယ်တဲ့ကားတွေက ရေပေါတဲ့နေရာကနေ ရေစုပ်စက်တွေနဲ့ စုပ်ပြီး စစ်ရှောင်စခန်းတွေကို လိုက်ဖြန့်ဝေပါတယ်”လို့ ပြောပါတယ်။

ကရင်နီပြည်နယ် ရေရှားတဲ့ စစ်ရှောင်စခန်းတွေအတွက် ဆီဖိုးပဲပေးရပြီး ရေလှူပေးတဲ့ ကားတွေ ရှိပေမဲ့ ရေအတွက်လှူတဲ့ အလှူရှင်မှာ နည်းပါးနေပါတယ်။ ကား၊ ရေနဲ့နီးတဲ့နေရာမှာ နေကြတဲ့ လွိုင်နန်းဖလို နေရာမျိုးကတော့ ရေဝယ်စရာမလိုဘူးလို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁.၁၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ဖုန်းလိုင်းဖြတ်တောက်ထားလို့ စစ်ရှောင်တွေအတွက် အလှူရှင်တွေ နည်းပါးသွားပြီး ဆက်သွယ်ကူညီဖို့ အခက်ခဲတွေလည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024