ရုရှားသမ္မတဗလာဒီမာပူတင်ဟာ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စင်းအတွက် အလံတင် အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က တက်ရောက်ခဲ့ပါတယ်။
ဒီသင်္ဘော ၂ စင်းဟာ ရုရှားရေတပ်ရဲ့ ဩဇာစီမံကိန်းအတွက် မဟာဗျူဟာမြောက် တွန်းအား တစိတ်တပိုင်းဖြစ်တယ်လို့လည်း ပူတင်က ပြောပါတယ်။
ပူတင်ဟာ ရုရှားမြောက်ပိုင်းမြို့ ဆေဗရိုဗင့်စ်ခ်ဆီ ခရီးထွက်ခဲ့ပြီး ခရက်စ်နက်ယာ့စ်ခ်နဲ့ တတိယမြောက်ဘုရင် အလက်ဇန္ဒားလို့ နာမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၂ စီးတို့ကို ကြည့်ဖို့ ဆိဗ်မက်ရှ် သင်္ဘောတည်ဆောက်ရေးနေရာကို သွားခဲ့ပါတယ်။
နျူကလီးယားစွမ်းအင်သုံး သင်္ဘော ၂ စင်း စလုံးဟာ မကြာမီ ပစိဖိတ်ဒေသမှာ တာဝန်စတင် ထမ်းဆောင်တော့မယ်လို့ ပူတင်က အလေးပေးပြောပါတယ်။
"ရုရှားရေတပ်ရဲ့ တိုက်ခိုက်ရေး အဆင်သင့်ဖြစ်မှုကို အရည်အသွေးရှိရှိ အားဖြည့်သွားမှာဖြစ်ပြီး အာတိတ်ဒေသ၊ ကမ္ဘာ့အရှေ့ဖျား၊ ပင်လယ်နက်၊ ဘောလ်တစ်ပင်လယ်နဲ့ ကက်စပီယံ ပင်လယ်တို့မှာ ရုရှားရေတပ်ဩဇာကို ကမ္ဘာ့သမုဒ္ဒရာတွေရဲ့ အရေးအကြီးဆုံး မဟာဗျူဟာမြောက် နယ်မြေတွေမှာ ပမာဏအလိုက် ခိုင်မာအောင် လုပ်မယ်”လို့ သမ္မတ ပူတင်က ပြောပါတယ်။
တတိယမြောက်ဘုရင် အလက်ဇန္ဒားလို့ နာမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ ရုရှားနိုင်ငံရဲ့ ဘိုရေး နျူကလီးယား ရေငုပ်သင်္ဘော အတန်းအစားရဲ့ တစိတ်တပိုင်းဖြစ်ပြီး စစ်အေးခေတ်နောက်ပိုင်း ပထမဆုံး မျိုးဆက်သစ်ဖြစ်ပါတယ်။
ဒီသင်္ဘောဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ စွမ်းရည်ရှိတဲ့ ဘူလာဗာ တိုက်ချင်းပစ် ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့လက ပြောကြား ခဲ့ပါတယ်။
Source/Photo - Reuters