Home
နိုင်ငံတကာ
တရုတ်နိုင်ငံမြောက်ပိုင်း၌ နှင်းထူထပ်စွာကျပြီး  လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
DVB
·
December 11, 2023
Heavy snowfall in China forces school closures, disrupts transportation

တရုတ်နိုင်ငံမြောက်ပိုင်းက ဒေသအများအပြားမှာ နှင်းတွေ ထူထူထပ်ထပ် ဖုံးလွှမ်းခဲ့လို့ ကျောင်းတွေ ပိတ်ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။

ဟီနန်ပြည်နယ်ရဲ့ မြို့တော်ကျန်းကျိုးမှာ တနင်္လာနေ့အစောပိုင်းက နှင်းမုန်တိုင်း အနီရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး အပူချိန်ဟာ အနိမ့်ဆုံးအနေနဲ့ ရေခဲမှတ်အောက် အနုတ် ၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

တပ်လှန့် သတိပေးချက်ကိုတော့ မနက်ပိုင်းမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ရထားခရီးစဉ် ၁၉၂ ခုကို ဖျက်သိမ်းပြီးတဲ့နောက် ကျန်းကျိုး ရထားဘူတာရုံမှာ လူအများအပြား သောင်တင်နေတာ မြင်တွေ့ခဲ့ရပါတယ်။

အမြန်လမ်းအသီးသီးကို ပိတ်ထားရပြီး မြို့ထဲက မူကြို၊ မူလတန်းနဲ့  အလယ်တန်းကျောင်းတွေကို တရက်တာ ပိတ်ထားခဲ့ရတယ်လို့ CCTV က ပြောပါတယ်။

အနီးအနားက ရှန့်စီနဲ့ ရှန်းစီး ပြည်နယ်တွေမှာ နှင်းတွေ အပြင်းအထန် ရွာကျခဲ့လို့ အဝေးပြေးဂိတ်အများအပြားကို ပိတ်ခဲ့ရတယ်လို့ CCTV က ဖော်ပြပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024