တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ဟာ ဒီသီတင်းပတ်အတွင်း နိုင်ငံတော်ခရီးစဉ်အတွက် ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းကို ရောက်လာကြမှာ ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်နဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဟနွိုင်းမှာ လူဦးရေ ၈ ဒသမ ၃ သန်းလောက် နေထိုင်ပြီး နိုင်ငံမြောက်ဘက်မှာ ရှိပါတယ်။
၁၀၁၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တဲ့ ဟနွိုင်းမြို့မှာ ရှေးဟောင်းရပ်ကွက်တွေ၊ အထိမ်းအမှတ် အဆောက်အအုံတွေနဲ့ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို ကောင်းကောင်းထိန်းသိမ်းထားပြီး တရုတ်နဲ့ ပြင်သစ်တို့ရဲ့ လွှမ်းမိုးမှုတွေရှိပြီး ယဉ်ကျေးမှု ကြွယ်ဝပါတယ်။
အရင်က အုပ်ချုပ်သူ အများအပြားက နိုင်ငံရဲ့ ဗဟိုချက်အဖြစ် ဟနွိုင်းကို အကြိမ်ကြိမ် ရွေးချယ်ခဲ့ဖူးပါတယ်။
ဟနွိုင်းကို ၂၀၁၉ ခုနှစ်မှာလည်း အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကြား ရှားရှားပါးပါး ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာနေရာအဖြစ် ရွေးချယ်ခံခဲ့ရဖူးပါတယ်။
Source/Photo - Reuters