Home
မြန်မာသတင်း
စစ်ကောင်စီတပ်ကြပ် ၁ ဦး ပုသိမ်မြို့နယ် ပကဖထံ အလင်းဝင်
DVB
·
December 11, 2023
Pathein CDM Sergeon white fage_11122023

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်က တပ်ကြပ်တဦး ပုသိမ်မြို့နယ်ပကဖထံ အလင်းဝင်ရောက်လာတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုသိမ် ထံကနေ သိရပါတယ်။

အနောက်တောင်‌တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်လက်နက်တပ်ဆင်ရေးတပ်ခွဲ ၄၄၄ မှ တပ်ကြပ်တဦးဟာ  ဒီဇင်ဘာ ၈ ရက်က ပုသိမ်မြို့နယ်ပကဖထံ အလင်းဝင်ရောက်လာတာလို့  ဆိုပါတယ်။

ပုသိမ်မြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက “သူက ဒီဇင်ဘာ ၈ ရက်နေ့ ညနေမှာ ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ သူ့ရဲ့ ကိုယ်ရေးရာဇဝင်အချက်အလက်တွေကို စစ်ဆေးပြီး ၉ ရက်နေ့မှာ လက်ခံခဲ့ပါတယ်။ ၁၀ ရက်နေ့မှာတော့ သူ့ကို လွတ်မြောက်နယ်မြေ တခုကို ကျ‌နော်တို့ ပို့ဆောင်ပေးခဲ့တယ်။ ဒီနေ့မှာတော့ သူ့ကို ပြည်သူ့ရင်ခွင်နဲ့ ချိတ်ဆက်ပေးခဲ့ပြီးပြီးပေါ့။ သူက လက်နက်တော့ မပါပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကော ရဲတပ်ဖွဲ့ဝင်တွေပါ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ အထူးတိုက်တွန်းချင်ပါတယ်” လို့ပြောပါတယ်။

ပုသိမ်မြို့နယ်ပကဖက CDM ဝင်လာတဲ့ တပ်ကြပ်ရဲ့ နေစရာနဲ့ စားသောက်မှုတွေကို စီစဉ်ပေးခဲ့သလို ဂုဏ်ပြုဆုငွေ ၅ သိန်းကျပ်လည်း ချီးမြှင့်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ပုသိမ်မြို့နယ်ပကဖထံ အလင်းဝင်လာတဲ့ ကာကွယ်ရေးနဲ့ ပြည်‌ထဲရေးဝန်ထမ်း ၇ ဦးအထိ ရှိလာပြီးလို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုသိမ်က ထုတ်ပြန် ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024