အစ္စရေးအတွက် သူလျှိုလုပ်မှု၊ အကျင့်ပျက် ခြစားမှုတွေနဲ့ စွဲချက်တင်ခံထားရပြီး ဥရောပသမဂ္ဂက အလုပ်ခန့်ထားတဲ့ ဆွီဒင်နိုင်ငံသားတစ်ဦးကို ဒီဇင်ဘာ ၁၀ ရက်ကစပြီး ရုံးတင်စစ်ဆေးခဲ့တယ်လို့ အီရန် အစိုးရက ပြောပါတယ်။
ဒီအမှုဟာ အီရန်မှာ သေဒဏ်ကျခံရနိုင်ပါတယ်။ အီရန်မှာ အားလပ်ရက် အပန်းဖြေနေတုန်း ၂၀၂၂ ခုနှစ် ဧပြီလမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ယောဟန် ဖလူဒဲရပ်စ်ကို စပြီး ရုံးတင်စစ်ဆေးနေပြီလို့ ဆွီဒင်က စနေနေ့မှာ ပြောပေမဲ့ ဘာကြောင့် တရားစွဲတာလဲ ဆိုတာကိုတော့ မပြောခဲ့ပါဘူး။
အီရန်တရားစီရင်ရေးကဏ္ဍရဲ့ မီဇန်သတင်းဌာနက“ကမ္ဘာပေါ်မှာ အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်တဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေ၊ ဇီယွန်စစ်အစိုးရနဲ့ ကျယ်ပြန့်တဲ့ ထောက်လှမ်းရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အခြေခံပြီး ယောဟန်ကို စွဲချက်တင်ခဲ့တယ်။ တရားစီရင်ရေး စပြီ”လို့ ပြောခဲ့ပါတယ်။
ဇီယွန်စစ်အစိုးရ ဆိုတဲ့ စကားရပ်က အစ္စရေးကို ရည်ညွှန်းထားတာပါ။ အကျင့်ပျက်ခြစားမှုဟာ အီရန်နိုင်ငံရဲ့ အစ္စလာမ့်ဥပဒေတွေအောက်မှာ ကြီးကြီးမားမား ပြစ်မှုလည်း ဖြစ်ပါတယ်။
Source/Photo - Reuters