သီရိလင်္ကာနိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်ခဲ့တယ်လို့ နိုင်ငံသားတွေဟာ အမှောင်ထဲမှာ အလုပ်လုပ်ကြ၊ စာကျက် နေကြရတယ်လို့ အစိုးရတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
ဆိုင်ရှင်တချို့က ဖယောင်းတိုင်မီးမှိန်မှိန်အောက်မှာ အလုပ်လုပ်နေရပြီး ကျူရှင်ကျောင်းက ကျောင်းသားတွေကတော့ မှောင်မဲနေတဲ့ စာသင်ခန်းထဲမှာ ထိုင်နေရတာကို တွေ့ရပါတယ်။
ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ ကုတ်ထ်မာလီ ဘီယာဂါမာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လိုင်းမှာ လျှပ်စစ်ဖြန့်ဖြူးရေးစနစ် ချို့ယွင်းခဲ့တာလို့ စီလုံလျှပ်စစ်ဘုတ်အဖွဲ့ (CEB) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
၅ နာရီနီးပါးကြာ မီးပျက်ခဲ့ပြီးတဲ့နောက် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြန်ရခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။
Source/Photo - Reuters