ဂျာမနီဟာ ယူကရိန်းအတွက် ဆက်ထောက်ပံ့နေမှာဖြစ်ပြီး လိုအပ်ရင် ပိုတိုးမြှင့်ထောက်ပံ့မယ်လို့ ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်က သူ့ရဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ကိုယ်စားလှယ်တွေကို ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ရွှိုက်ဇ်က မြို့တော်ဘာလင်မှာရှိတဲ့ SPD အဖွဲ့ဝင် ၉၀၀ လောက်တက်တဲ့ ပါတီကွန်ဂရက်မှာ လို့ ရွှိုက်ဇ်က ခုလိုပြောလိုက်တာပါ။
“ဘဏ္ဍာရေးစိန်ခေါ်မှုဟာ ကျနော်တို့အတွက်လည်း ကြီးမားနေပေမဲ့ ဂျာမနီဟာ လာမယ့်နှစ်တွေ အတွင်း ယူကရိန်းအတွက် ပံ့ပိုးကူညီမှုတွေကို ထောက်ထားမယ့် အနေအထားမှာ ရှိနေရမယ်။”
“ယူကရိန်းအတွက် ဂျာမနီက လုပ်ဆောင်ပေးခဲ့တာတွေအတွက် ဂုဏ်ယူမိတယ်၊ ဒုက္ခသည် ၁ သန်း နီးပါးက ဂျာမနီကို ဝင်ရောက်ခဲ့တယ်” လို့ အဓိပတိက ပြောပါတယ်။
မကြာသေးမီက လုပ်ခဲ့တဲ့ စစ်တမ်းတခုမှာ တွေ့ရှိချက်တွေအရ ဥရောပနိုင်ငံတွေနဲ့ အမေရိကန် နိုင်ငံအများအပြားမှာ တွေ့ရတဲ့ လက်ယာယိမ်း လူကြိုက်များမှုကို တန်ပြန်ဖို့ ရှုထောင့်၊ အနာဂတ်အတွက် အစီအစဥ်နဲ့ အကောင်းမြင်ဝါဒတို့ လိုအပ်တယ်လို့ ရွှိုက်ဇ်က ပြောပါတယ်။
ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့တဲ့ ဂျာမန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန ARD ရဲ့ စစ်တမ်းတခုမှာ ဂျာမနီနိုင်ငံသား ၁၄ ရာခိုင်နှုန်းက ရွှိုက်ဇ်ရဲ့ SPD ပါတီကို ထောက်ခံကြပြီး ရွှိုက်ဇ်နဲ့ သူ့ပါတီရဲ့ လုပ်ငန်းကို ထောက်ခံမှုက ၂၀ ရာခိုင်နှုန်းအထိ စံချိန်တင် နည်းပါးနေတာ တွေ့ရတာပါ။
အတိုက်အခံ လက်ယာစွန်း AfD ပါတီကတော့ လက်ရှိမှာ ထောက်ခံသူ ၂၁ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပါတယ်။
Source/Photo - Reuters