Home
နိုင်ငံတကာ
ဂါဇာရှိ ဓားစာခံများ ပြန်လွှတ်ပေးရန် တဲလ်အဗစ်၌ လူထောင်ချီ ဆန္ဒပြ
DVB
·
December 10, 2023

အစ္စရေးကနေ ဟားမတ်စ်သေနတ်သမားတွေ ဖမ်းဆီးခေါ်ဆောင်သွားပြီး အချိန် ၂ လ ကြာလာပြီး နောက်မှာ ဂါဇာမှာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ဒီဇင်ဘာ ၉ ရက် စနေနေ့  ညက လူထောင်ပေါင်းများစွာ တဲလ်အဗစ်မြို့တော်မှာ စုဝေးတောင်းဆိုခဲ့ကြပါတယ်။

အသက် ၁၉ နှစ်အရွယ် ဓားစာခံ အီတေချန် ရဲ့ မိဘတွေက လူစုလူဝေးကို မိန့်ခွန်းပြောကြားခဲ့ပြီး ကြက်ခြေနီအဖွဲ့ကို သူတို့သားဆီ သွားရောက်ပေးဖို့နဲ့ အစ္စရေးအစိုးရကိုလည်း ခေါင်းဆောင်မှုပြသဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဒီဇင်ဘာ ၁ ရက်က ပြီးဆုံးခဲ့တဲ့ ၇ ရက်ကြာ အပစ်အခတ်ရပ်စဲမှုအောက်မှာ ဂါဇာကို အုပ်ချုပ်တဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့က ဓားစာခံ ၁၀၀ လောက်ကို အစ္စရေး အကျဉ်းထောင်တွေမှာရှိတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်ပေးခဲ့ပါတယ်။ 

ဂါဇာမှာ ဓားစာခံ ၁၃၀ ကျော် ကျန်နေသေးတယ်လို့ အစ္စရေးက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးတော့ လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံ အယောက် ၂၄၀ ကို ဖမ်းဆီးသွားခဲ့တာကြောင့် အစ္စရေးက ဂါဇာအုပ်ချုပ်သူတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာပါ။ 

ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူ ၂ ဒသမ ၃ သန်း ရှိတဲ့အထဲက အများစုဟာ သူတို့ရဲ့ နေအိမ် တွေကနေ အတင်းအဓမ္မ ရွှေ့ပြောင်းခံခဲ့ရပြီး အခုချိန်ထိ သေဆုံးသူ အနည်းဆုံး ၁၇,၇၀၀ ရှိကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024