Home
နိုင်ငံတကာ
ချီလီ ကျူးကျော်ရပ်ကွက်မီးလောင်မှု  ကလေး ၈ ဦး အပါအဝင် လူ ၁၄ ဦး သေဆုံး
DVB
·
December 10, 2023

ချီလီနိုင်ငံတောင်ပိုင်းက ကျူးကျော်ရပ်ကွက်  လော့စ်ပီကဲနက်စ်မှာ ပြီးခဲ့တဲ့တနင်္လာနေ့ ညနေက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် ကလေး ၈ ဦး အပါအဝင် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ချီလီမှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

သေဆုံးသူအားလုံးဟာ မကြာသေးမီက ဗင်နီဇွဲလားနိုင်ငံကနေ ရွှေ့ပြောင်း နေထိုင်သူတွေပါ။

လော့စ်ပီကန်းနစ်မှာ မီးလောင်ပြီး တစ်ပတ်အကြာမှာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အားထားရာ ဖြစ်လာတဲ့ ကမ်းရိုးတန်းမြို့ ဗယ်လ်ပါရိုင်စိုက တရားမဝင် လူနေရပ်ကွက် အယ်လ် အက်စ်ဖွှယ်ဇိုမှာ လောင်တဲ့ နောက်ထပ်မီးတစ်ခုကြောင့် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှု အများစုဟာ ချီလီမှာ ကြီးထွားလာနေတဲ့ အိမ်ရာအကျပ်အတည်းရဲ့ လက္ခဏာလို့ ရိုက်တာ သတင်းဌာနက သုံးသပ် တင်ပြပါတယ်။

ချီလီအစိုးရဟာ ဗင်နီဇွဲလားကနေ အများစုဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် မြင့်တက်လာတာအတွက် လုံလောက်တဲ့ အမိုးအကာတွေ ပေးနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ချီလီမှာ တရားဝင်အခြေချနေထိုင်တဲ့ မိသားစုအရေအတွက်ဟာ ၂၀၂၃ ခုနှစ်မှာ ၁၁၄၀၀၀  အထိရှိလာခဲ့ပြီး  ၂၀၁၉ ခုနှစ် တုန်းကထက် ၁၄၂ ရာခိုင်နှုန်း  တိုးလာခဲ့တယ်လို့ လက်တင် အမေရိကမှာရှိတဲ့ အိမ်ရာပြဿနာတွေကို လေ့လာတဲ့ အကျိုးအမြတ်မယူတဲ့ TECHO အဖွဲ့ရဲ့ စစ်တမ်းက တွေ့ရှိထားပါတယ်။

အခြေချနေထိုင်သူတွေထဲမှာ ရွှေ့ပြောင်းအခြေချသူဦးရေဟာ ၂၀၁၁ ခုနှစ်က ၁ဒသမ၅ ရာခိုင်နှုန်းသာရှိရာကနေ အခုတော့ စုစုပေါင်း ၄၀ ရာခိုင်နှုန်းနီးပါး တိုးလာတယ်လို့ ချီလီ အိမ်ရာဝန်ကြီးဌာနက ပြောပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024