Home
မြန်မာသတင်း
တောင်ကြီးတွင် မီးဖိုချောင်သုံးဂက်စ်ဈေးနှုန်း ၂ ဆမြင့်တက်
DVB
·
December 9, 2023
gas 9122023

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြိုမှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်နေတာကြောင့် အစားထိုးအသုံးပြုတဲ့ မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း ၂ ဆမြင့်တက်သွားပြီး  ဝယ်ယူဖို့လည်း ခက်ခဲလာတယ်လို မြိုခံတွေက ပြောပါတယ်။

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်သုံးဆီဈေးနှုန်းနဲ့အတူ မီးဖိုချောင်သုံး ဂက်စ်ဈေးနှုန်း ၂ ဆထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ ဂက်စ်ဆိုင်တော်တော်များများ ပိတ်ထားတာကြောင့် ဂက်စ်ရဖို့ တမြို့လုံးနီးပါး ရှာဝယ်နေရတယ်လို ဒေသခံတွေက ပြောပါတယ်။ 

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် အမျိုးသမီးတဦးက "မီးကလည်းမလာဘူး၊ ဂက်စ်တွေ သုံးတော့လည်း ဂက်စ်လည်းဝယ်လိုမရဘူး၊ အခုတော့ ထင်းတွေပါဝယ်ထားရတယ်။ မီးသွေးလည်း တအိတ်ကို ကျပ် ၃ သောင်းနီးပါးရှိနေပြီ။ ကုန်ဈေးနှုန်းတက်တာက တက်ပေါ့၊ မီးပါဖြတ်တော့ ချွေတာပြီးချက်စားလိုတော့ မရဘူး” လို့ ပြောပါတယ်။

တောင်ကြီးမြို့မှာ အိတ်ဆောင်ဂက်စ်ဘူး အသေး ၁ ဘူးကို အရင်က အရင်က ကျပ် ၇၀၀ ကနေ ကျပ်  ၃၀၀၀၊ ၄ ကီလိုဂရမ်အိုး ကျပ် ၈၀၀၀ ကနေ ကျပ် ၁၆၀၀၀၊ ၇  ကီလိုဂရမ်အိုး ကျပ် ၁၂၀၀၀ ကနေ ကျပ် ၂၄၀၀၀၊ ၁၂ ကီလိုဂရမ်အိုး ကျပ် ၂၀၀၀၀ ကနေ ၄၀၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ 

တောင်ကြီးတန်ဆောင်တိုင်ပွဲ ကျင်းပပြီးတဲ့နောက်ပိုင်း တောင်ကြီးမြို့မှာ တရက်ကို ၅ နာရီခြား ၁ ကြိမ်သာ လျှပ်စစ်မီးရရှိကာ မနက်နဲ့ ညနေပိုင်း ထမင်းဟင်းချက်ပြုတ်ချိန်တွေမှာ မီးဖြတ်ခံထားရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024