ဂိုးသမားနေရာ မတည်မငြိမ်ဖြစ်နေတာက အာဆင်နယ်ကို ထိခိုက်နိုင်ကြောင်း အင်္ဂလန်ကစား သမားဟောင်း ကာရေဂါက သုံးသပ်ပြောသွားပါတယ်။
အာဆင်နယ်အသင်းဟာ ရာသီအစတုန်းက ဂိုးသမား အာရွန်ရမ်စ်ဒေးကို ပွဲထွက်အသုံးပြုခဲ့ပေမဲ့ နောက်ပိုင်းပွဲစဉ် ၁၀ ပွဲလောက်အထိ ဒေးဗစ်ရာယာကို အသုံးပြုလာခဲ့တာပါ။
ဒေးဗစ်ရာယာဟာ လူတန်ကို ၃ ဂိုး ၂ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ကြီးမားတဲ့အမှား နှစ်ကြိမ်ပြုလုပ်ခဲ့လို့ ၂ ဂိုးပေးခဲ့ရသလို တချို့ပွဲစဉ်တွေမှာ မလိုလားအပ်တဲ့အမှားတွေ ကျူးလွန်နေတာပါ။
ကာရေဂါကတော့ အာဆင်နယ်အသင်းရဲ့ ဂိုးပေါက်နေရာမှာ မတည်မငြိမ်ဖြစ်နေတာက ချန်ပီယံဆုအတွက် ကောင်းမွန်တဲ့ ခံစားချက်မရရှိကြောင်း၊ အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်နိုင်ကြောင်း သုံးသပ်ခဲ့တာပါ။
ကာရေဂါနဲ့ အတူသုံးသပ်တင်ဆက်ခဲ့တဲ့ရွိုင်ကိန်းကတော့ ခက်ခဲစွာအနိုင်ယူခဲ့ရတဲ့ပွဲစဉ်တွေကနေ အာဆင်နယ်အတွက် အကျိုးကျေးဇူးရရှိစေနိုင်ပြီး ယုံကြည်မူလည်းတိုးပွားလာစေကြောင်း မှတ်ချက်ပေးသွားပါတယ်။
Photo-Reuters