တောင်အမေရိကတိုက်ရဲ့ အမြင့်ဆုံး အင်ဒီးစ်တောင်တန်းမှာ တောင်တက်ရင်း သေဆုံးသွားကြတဲ့ အာဂျင်တီးနား တောင်တက်သမား ၃ ယောက်ရဲ့ အလောင်းတွေကို ပြန်ရယူနိုင်ခဲ့တယ်လို့ ချီလီကယ်ဆယ်ရေးသမားတွေက ဒီဇင်ဘာလ ၆ ရက်မှာ အတည်ပြုပါတယ်။
အစ်ဂ်နာစီယိုလူဆဲရို၊ ရောလ်အက်စ်ပီယာနဲ့ ဆာဂီယိုဘယ်ရာဒိုလို့ ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြရေးသားထားတဲ့ တောင်တက်သမား ၃ ယောက်ဟာ အင်ဒီးစ်တောင်တန်းရဲ့ ချီလီနိုင်ငံ မာမိုလဲဂျို တောင်ပေါ်မှာ နိုဝင်ဘာ ၂၉ ရက်ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။
အမြင့် မီတာ ၅,၆၀၀ မှာ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို တောင်တက်သမားတွေ ရှာဖွေရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂလိက ရဟတ်ယာဉ်က တွေ့ရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာ ၄ ရက်မှာ အာဏာပိုင်တွေဟာ ရုပ်အလောင်းတွေထဲက တလောင်းကို သယ်ယူနိုင်ခဲ့ပေမဲ့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် နောက်တောင်တက်သမား ၂ ဦးရဲ့ အလောင်းတွေကို သယ်ယူဖို့ အဟန့်အတား ဖြစ်ခဲ့ပါတယ်။
Source/Photo - Reuters