Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအလုပ်သမား ၁ ဦး စက်ယန္တရားကြိတ်မိပြီး သေဆုံး
DVB
·
December 7, 2023
Myanmar Worker die Thai_07122023

ထိုင်းနိုင်ငံ၊ ဘန်လမွန်မြို့မှာရှိတဲ့ သံသတ္တုအဟောင်းအစ ရွေးထုတ်တဲ့ စက်ရုံတခုမှာ အသက် ၂၀ နှစ်အရွယ် မြန်မာအလုပ်သမားတဦး ကြိတ်စက်နဲ့ ကြိတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာန The Thaiger မှာ ဒီဇင်ဘာ ၆ ရက်က ဖော်ပြထားပါတယ်။

ဘန်လမွန်မြို့မှာရှိတဲ့ သံသတ္တုဟောင်းစက်ရုံတခုရဲ့ စက်ပိုင်းဆိုင်ရာတာဝန်ရှိတဲ့ မြန်မာအလုပ်သမား ကိုဖြိုးသန့်ကျော်ဟာ ဒီဇင်ဘာ ၄ ရက် မနက် ၁၁ နာရီကျော်က စက်ပိုင်းစစ်ဆေးဖို့ ကြိတ်စက်ထဲဝင်စဉ် ရုတ်တရက် စက်လည်ပြီး ကြိတ်မိခဲ့တယ်လို့ အတူအလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေက အချိန်မီရောက်လာခဲ့ပေမဲ့ မြန်မာအလုပ်သမားဟာ သွေးထွက်လွန်ပြီး သေဆုံးနေပြီးဖြစ်သလို စက်ထဲက အလောင်းကို ထုတ်ယူဖို့အတွက် ဟိုက်ဒရောလစ် ဖြတ်စက်ကို အသုံးပြုခဲ့ရပါတယ်။

ရဲတပ်ဖွဲ့က စက်ရုံရဲ့ CCTV မှတ်တမ်းတွေကိုကြည့်ပြီး မြန်မာအလုပ်သမား စက်သွားစစ်ဆေးနေစဉ် စက်ကို တစုံတဦးက ဖွင့်လိုက်တာလား၊ မတော်တဆ ဖြစ်တာလား ဆိုတာကို ဆက်လက်စုံစမ်းစစ်‌ဆေးသွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source-The Thaiger

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013