ဩစတြေးလျ ကျေးလက်ဒေသမှာ မနှစ်က ရဲအရာရှိနှစ်ယောက် ပစ်ခတ်သတ်ဖြတ်ခံရမှုနဲ့ ဆက်နွှယ်ပြီး အမေရိကန်အမျိုးသားတယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။
ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ လူသုံးယောက်စီ အစွန်းရောက် ခရစ်ယာန်ပစ္စည်းတွေ ပေးပို့မှုနဲ့ အသက် ၅၈ နှစ်အရွယ် အမေရိကန်အမျိုးသားတယောက်ကို အရီဇိုးနားပြည်နယ်က FBI အဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဩစတြေးလျရဲတပ်ဖွဲ့ဝင် မက်သယူးအားနော့ဒ်နဲ့ ရာချယ်မက်ခရိုးတို့ဟာ အကြမ်းဖက် ပစ်ခတ်မှု သတင်းရလို့ ဘရစ္စဘိန်းမြို့ အနောက်မြောက်ဘက် ဝီယံဘေလာမြို့အနီး ဝေးလံခေါင်သီတဲ့ နေရာကို သွားစစ်ဆေးချိန် မနှစ်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်မှာ တိုက်ခိုက်သူတွေဖြစ်တဲ့ ဆွေမျိုးသုံးယောက်တို့ဟာ နောက်ဆုံးမှာ ပစ်သတ်မခံရမီ ရဲတပ်ဖွဲ့နဲ့ နာရီပေါင်းများစွာကြာအောင် သေနတ်ချင်း အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး ဒီပစ်ခတ်မှုအတွင်း အသက် ၅၈ နှစ်အရွယ် အိမ်နီးနားချင်းတဦးလည်း သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters