ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ စစ်ရှောင်စခန်းတွေကို ရိုက်ကူးထားတဲ့ “အိမ်အဝေး” အမည်ရှိ ဓာတ်ပုံပြပွဲနဲ့ “အဆုံးသတ်ဝါးပွင့်” အမည်ရှိ ပန်းချီပြပွဲတွေကို ဒီဇင်ဘာ ၆ ရက်ကနေ ၁၀ ရက်အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာမှာ ပြုလုပ်နေပါတယ်။
"အိမ်အဝေး" ဓာတ်ပုံပြပွဲကို ဓာတ်ပုံသတင်းထောက် မောင်မိုးနဲ့ Berry တို့ရဲ့ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က စစ်ရှောင်စခန်းတွေ အကြောင်းကို ဓာတ်ပုံ မှတ်တမ်းတင်ထားပြီး ဒီနေ့ ဒီဇင်ဘာ ၆ ရက်နေ့မှ ၉ ရက် အထိ လာရောက်ကြည့်ရှုနိုင်ပါတယ်။
ဒါ့အပြင် "Women's Resilience" လို့ အမည်ပေးထားတဲ့ တော်လှန်ရေးကာလအတွင်းက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံများကိုလည်း The Roots မှ မြန်မာဓာတ်ပုံဆရာတွေ တော်လှန်ရေး ဒေသများမှာ ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ကြည့်ရှုနိုင်ပါတယ်။ အလားတူ “အဆုံးသတ်ဝါးပွင့်” အမည်ရှိ ပန်းချီပြပွဲကိုလည်း ဒီဇင်ဘာ ၆ ရက်ကနေ ၁၀ ရက်အထိ တပြိုင်တည်း ပြုလုပ်နေပါတယ်။