နိုင်ဂျီးရီးယားနိုင်ငံ ခါဒူနာမြို့မြောက်ပိုင်းမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၈၅ ဦး သေဆုံးခဲ့ရတဲ့ စစ်ဘက် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ သမ္မတ ဘိုလာ တီနုဘူက ဒီဇင်ဘာ ၅ ရက်မှာ အမိန့်ပေးခဲ့ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုက ဒူဘိုင်းမြို့မှာ ကျင်းပနေတဲ့ Cop28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်နေတဲ့ တီနုဘူက တနင်္ဂနွေနေ့ည ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ အလွန် စိတ်အနှောင့်အယှက်ဖြစ်ပြီး နာကျင်စေတယ်လို့ ပြောတဲ့အကြောင်း သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အာဂျူရိ အန်ဂေလာလေက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုင်ဂျီးရီးယား စစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ထိုရိဒ် လိုက်ဘာဟာ ကလည်း ထွန်ဒန်ဘီရီရွာဆီ ကိုယ်တိုင်သွားခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုအတွက် တောင်းပန်ခဲ့ပါတယ်။
ဒဏ်ရာရရွာသား ၆၀ ကျော် ဆေးကုခံနေတဲ့ ခါဒူနာမြို့ ဆေးရုံးမှာလည်း လူနာတွေရဲ့ ငွေတောင်းခံလွှာတွေကို တာဝန်ယူမယ်လို့ ကတိပြုခဲ့ပါတယ်။
ဝေဟင်လှည့်ကင်းနဲ့ ကင်းထောက်နေတဲ့ တပ်ဖွဲ့ဝင်တွေက မောင်းသူမဲ့လေယာဉ်နဲ့ မတိုက်ခိုက်ခင် လူတအုပ်ကို မြင်ချိန်မှာ ဓားပြတွေနဲ့ဆင်တူတဲ့ လှုပ်ရှားမှုပုံစံကို မှားမှားယွင်းယွင်း ခွဲခြမ်းစိတ်ဖြာပြီး တလွဲ အဓိပ္ပာယ်ဖော်မိခဲ့တယ်လို့လည်း စစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် အိုညီမာ နူဝါချုခူက ပြောခဲ့ပါတယ်။
နှစ်စဉ်ကျင်းပနေကျ မောင်လဒ် မွတ်စလင်ပွဲတော်မှာ လူသေဆုံးခဲ့အပြီး ဝမ်းနည်းတုန်လှုပ်ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ခါဒူနာမြို့ဟာ မြို့တော် အဘူဂျာကနေ ၁၀၁ မိုင် ကွာဝေးပါတယ်။ နိုင်ငံအနောက်မြောက်နဲ့ အလယ်ပိုင်းပြည်နယ်တို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေရတဲ့ လက်နက်ကိုင်ဂိုဏ်းတွေက ပြန်ပေးဆွဲ သတ်ဖြတ်တာတွေကိုလည်း ရင်ဆိုင်နေရတဲ့ ဒေသတွေ ဖြစ်ပါတယ်။
Source/Photo-Reuters