ရုရှားနဲ့ အီရန် နိုင်ငံနှစ်ခုလုံးအပေါ် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတာတွေကို ကျော်လွှားရေး ကြိုးပမ်းအားထုတ်နေတာတွေကို တွန်းအားပေးဖို့ အရေးကြီးတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလ်လာ့ဗ်ရော့ဗ်က အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အာမီရာ အဗ်ဒူလာဟိန်ကို ဒီဇင်ဘာ ၅ ရက်က ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
တဖက်သတ် အကျပ်ကိုင်မှုတွေရဲ့ အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေကို တန်ပြန် လျော့ပါးပြီး ထေမိကာမိစေမယ့် နည်းလမ်းတွေနဲ့အတူ ကြေညာချက်တခုကို လက်မှတ်ရေးထိုးလိုက်ပါပြီ။
ဒါဟာ အမေရိကန်နဲ့ သူ့မဟာမိတ်တွေက သံတမန်ရေးရာအရ အစားထိုးမှုတရပ်ဖြစ်တဲ့ တရားမဝင်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ကျော်လွှားဖို့ ကမ္ဘာ့အသိုင်းအဝိုင်း အဖွဲ့ဝင်တွေရဲ့ ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ရာမှာ အရေးကြီးတဲ့ ခြေလှမ်းတခုပါလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
လာ့ဗ်ရော့ဗ်ဟာ ဒီဇင်ဘာ ၇ ရက်မှာ အီရန်သမ္မတ အီဘရာဟင် ရိုင်စီရဲ့ ရုရှားနိုင်ငံဆီ အလည်အပတ်ခရီး မတိုင်မီ အီရန်နိုင်ငံခြားရေးဝန်ကြီးကို အိမ်ရှင်အဖြစ် ဧည့်ခံ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
Source/Photo-Reuters