“မိကျောင်း” ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ အင်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ တောင်ဘက်ကမ်းရိုးတန်းရှိ ဘတ်ပလာမြို့ကနေ ကုန်းတွင်းကို ဒီဇင်ဘာ ၅ ရက်မနက်ပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။
လေတိုက်နှုန်းမှာ တစ်နာရီ ၁၁၀ ကီလိုမီတာအထိ တိုက်ခတ်နိုင်တယ်လို့ အိန္ဒိယနိုင်ငံရဲ့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။
အင်ဒရာပရာဒေ့ရှ်ပြည်နယ်ရဲ့ မြို့တော်ချန်နိုင်းမှာတော့ မုန်တိုင်းနဲ့ပတ်သက်ပြီး လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။
မိုးသည်းသည်းထန်ထန်ရွာလို့ ရေကြီးနေတဲ့လမ်းတွေပေါ်မှာ ဒေသခံတွေ ဒီဇင်ဘာ ၄ ရက်က ရုန်းကန်နေကြ ရပါတယ်။
တမီလ်နာဒူးပြည်နယ်မှာလည်း မိုးကြီးတာနဲ့ ဆက်နွှယ်တဲ့ ဖြစ်ရပ်တွေကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဆောက်အအုံ နံရံပြိုကျလို့ လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးနဲ့ ဌာနဆိုင်ရာ ထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။
အိန္ဒိယ တောင်ပိုင်းပြည်နယ်နှစ်ခုဖြစ်တဲ့ အင်ဒရာပရာဒေ့ရှ်နဲ့ တမီနာဒူးလ်ပြည်နယ်တွေမှာ ဆိုင်ကလုန်းမုန်တိုင်းအတွက် ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ပြည်နယ်နှစ်ခုစလုံးက အာဏာပိုင်တွေက ကမ်းရိုးတန်းဒေသတွေမှာနေတဲ့ ထောင်သောင်းချီတဲ့ လူတွေ ဘေးလွတ်ရာရွှေ့ကြဖို့ သတိပေးထားပြီး ပင်လယ်ပြင်ကို ထွက်မသွားဖို့ တံငါသည်တွေကို သတိပေးထားသလို အင်ဒရာပရာဒေ့ရှ်ပြည်နယ်အစိုးရက ခရိုင် ၈ ခုမှာ တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Source/Photo - Reuters