စပါးအသင်းနဲ့ပွဲစဉ်မှာ ကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိမှုနဲ့ မန်စီးတီးအသင်းကို အင်္ဂလန် အက်ဖ်အေက အရေးယူသွားတော့မှာပါ။
အဲဒီပွဲစဉ်မှာ ပွဲပြီးခါနီးမှာရရှိခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ဂိုးရရှိနိုင်မယ့် အခြေအနေကို ဒိုင်လူကြီး ဆိုင်မွန်ဟော့ပါးက ရပ်တန့်ပြီး ပြစ်ဒဏ်ဘောပေးခဲ့တာပါ။
ကွင်းလယ်ဒိုင်အနေနဲ့ မန်စီးတီးဘက်ကို ပြစ်ဒဏ်ဘောပေးခဲ့တာဖြစ်ပေမဲ့ ပွဲကို ဆက်ကစားစေမယ်ဆိုရင် ဂျက်ဂရေးလစ်ရှ်က ဂိုးသမားနဲ့တစ်ဦးချင်း ရင်ဆိုင်ရမှာဖြစ်လို့ သေချာပေါက် ဂိုးရနိုင်တဲ့အခြေအနေပါ။
အဲဒီလို ပွဲကိုရပ်တန့်ခဲ့တဲ့အပေါ် တိုက်စစ်မှူးဟာလန်းအပါအဝင် မန်စီးတီးကစားသမားတွေကို ဒိုင်လူကြီးဆီပြေးလွှားလာကာ အလွန်အမင်း စောဒကတက်ခဲ့ကြတာပါ။
အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မန်စီးတီးအသင်းအနေနဲ့ ကစားသမားတွေအပေါ် ထိန်းချုပ်နိုင်စွမ်းမရှိခဲ့တာကြောင့် စည်းမျဉ်းအပိုဒ် E 20.1 ကို ချိုးဖောက်ခဲ့ကြောင်း အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။
Photo - Reuters