လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာ ကစားရမယ့်ပွဲစဉ်တွေဟာ မန်ယူအသင်းရဲ့ အခုနှစ်ဘောလုံးရာသီ အနာဂတ်အတွက် အဆုံးအဖြတ်ပေးသွားဖို့ ရှိပါတယ်။
မန်ယူအသင်းဟာ ဒီဇင်ဘာ ၁၇ ရက်မှာ ကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲစဉ်အထိ နှစ်ပတ်အတွင်းမှာ စုစုပေါင်း ၄ ပွဲကစားသွားရမှာပါ။
ပရီးမီးယားလိဂ်မှာ ၆ ပွဲရှုံးနိမ့်ခဲ့ပြီးပြီဖြစ်တဲ့ မန်ယူအသင်းဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၉ မှတ်ပြတ်နေသလို အဆင့်လေးနေရာက အက်စတန်ဗီလာနဲ့လည်း ၅ မှတ်ပြတ်နေပါတယ်။
လာမယ့် နှစ်ပတ်အတွင်းမှာ ချဲလ်ဆီး၊ ဘုန်းမောက်၊ လီဗာပူးအသင်းတွေနဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်းရဲ့ ဒီနှစ်ရာသီ ပရီးမီးယား လိဂ်ရပ်တည်မှု အခြေအနေကို အဆုံးအဖြတ်ပေးနိုင်ဖို့ ရှိပါတယ်။
အလားတူ ဥရောပချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၃ ရက်မှာ ဘိုင်ယန်မြူးနစ်နဲ့ အိမ်ကွင်းမှာရင် ဆိုင်ရမှာဖြစ်ပါတယ်။
အဲဒီပွဲစဉ်ဟာလည်း အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲစဉ်ဖြစ်တာကြောင့် လာမယ့် နှစ်ပတ်အတွင်း ပွဲစဉ်တွေမှာ မန်ယူအသင်းအတွက် တစုံတရာ အဆုံးအဖြတ်ပေးနိုင်မယ့် ပွဲစဉ်တွေ ဖြစ်လာနိုင်ပါတယ်။
Photo - Reuters