Home
နိုင်ငံတကာ
ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် မိုးသည်းထန်ပြီး ရေကြီး
DVB
·
December 4, 2023
India_04122023

အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်ရဲ့ မြို့တော်ချန်နိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း မိကျောင်း ကုန်းတွင်းကို မဝင်မီ ဒီဇင်ဘာ ၄ ရက်က မိုးသည်းသည်းထန်ထန် ရွာနေပါတယ်။

ချန်နိုင်းလေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည်တွေ စောင့်ဆိုင်းနေတုန်း မိုးသည်းတွေကြားက မြေပြင်မှာ IndiGo လေယာဉ်တစီး ရပ်ထားတာကိုလည်း တွေ့ရပါတယ်။

လေဆိပ်ဝင်းထဲမှာပါ ရေကြီးနေလို့ ဒီဇင်ဘာ ၄ ရက် ဒီည ၁၁ နာရီအထိ လေယာဉ် အဆင်းအတက် ခရီးစဉ်အားလုံးကို ပိတ်ထားလိုက်ပြီလို့ အိန္ဒိယအခြေစိုက် NDTV သတင်းဌာနက ကြေညာပါတယ်။

မိကျောင်း ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ စတင် ဖြစ်ထွန်းလာတဲ့ လေးခုမြောက် အပူပိုင်းမုန်တိုင်းပါ။

လောလောဆယ် ဘင်္ဂလားပင်လယ်အော်ထဲမှာ ရှိနေတဲ့ မုန်တိုင်းဟာ ဒီနေ့မှာပဲ ပြင်းထန်ဆိုးရွားတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ပိုအားပြင်းလာမယ့်ပုံ ပေါ်တယ်လို့ အင်ဒီးယန်း အိက်စ်ပရက်စ် သတင်းဌာနက ထုတ်ပြန်ပါတယ်။

မုန်တိုင်းက အင်ဒရာ ကမ်းရိုးတန်းဆီ ဦးတည်နေပြီး ချန်နိုင်းမြို့ မြေနိမ့်ပိုင်းတွေမှာ ရေကြီးနေကာ အစိတ်အပိုင်း အများစုက ရေအောက်မြုပ်နေပါပြီ။

မုန်တိုင်းဟာ နယ်ရူလူနဲ့ မာချီလီပတ်နမ် မြို့တွေကြားကနေ မနက်ဖြန် မွန်းလွဲပိုင်းမှာ ကုန်းတွင်းကို ဝင်ရောက်မယ်လို့ မျှော်လင့်ထားတဲ့အကြောင်း NDTV သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024