မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း ကျဆင်းလာတာကို ကိုင်တွယ်ဖြေရှင်းရေး ကြိုးပမ်းကြဖို့ တောင်းဆိုခဲ့ပြီး ဒီစိန်ခေါ်မှုဟာ လူတိုင်းရဲ့ အိမ်စောင့်တာဝန်လို့ ရည်ညွှန်းခဲ့တဲ့အကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်က မြို့တော်ပြုံယမ်းမှာ မိခင်တွေအတွက် ကျင်းပတဲ့ အခမ်းအနားတခုမှာ ကင်မ်က ကလေးမွေးဖွားနှုန်း ကျဆင်းနေတာကနေ ကာကွယ်ဖို့နဲ့ ကောင်းမွန်တဲ့ ကလေးထိန်းဝန်ဆောင်မှုတွေ ပေးနိုင်ရေး အာရုံစိုက်ဖို့ နိုင်ငံအနေနဲ့ မိခင်တွေနဲ့အတူ လုပ်ဆောင်သင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့ ပြည့်နေတဲ့ ခန်းမတခုအတွင်း ကင့်မ်ကို အားတက်သရော အားပေးနေပုံကို ပြသခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့က ၂၀၂၃ ခုနှစ်အထိ မြောက်ကိုရီးယားမှာ အမျိုးသမီးတဦးဟာ ကလေး ၁ ဒသမ ၈ ဦး မွေးဖွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကလေးမွေးနှုန်း ကျဆင်းနေတဲ့ အိမ်နီးချင်းနိုင်ငံ တချို့ထက် မြောက်ကိုရီးယားမှာ မွေးဖွားနှုန်း ပိုမြင့်နေတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters