မန်စီးတီးနဲ့ စပါးအသင်းတို့ ၃ ဂိုးစီသရေပွဲအပြီးမှာ တိုက်စစ်မှူးဟာလန်းနဲ့ ကွင်းလယ်လူ လိုဆယ် ဆိုတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
စီးတီးတိုက်စစ်မှူးဟာ ပွဲချိန်အတွင်းက ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေကို မကျေနပ်ခဲ့သလို အိမ်ကွင်းမှာ သရေကျခဲ့တဲ့အပေါ် မကျေမနပ်ဖြစ်နေခဲ့တာပါ။
ပွဲအပြီးမှာ ကွင်းထဲကနေ ထွက်လာတဲ့ ဟာလန်းဟာ စပါးကွင်းလယ်လူ လိုဆယ်ဆိုနဲ့ ဆုံတွေ့ခဲ့ရာမှာ ခန္ဓာကိုယ်နဲ့ တိုက်သွားခဲ့တာကြောင့် စကားအချေအတင်ဖြစ်ခဲ့ကြတာပါ။
လိုဆယ်ဆိုနဲ့ ဟာလန်းကို နှစ်ဖက် နည်းပြအဖွဲ့ဝင်တွေနဲ့ ကစားသမားတွေက ဝိုင်းဝန်းဖြန်ဖြေခဲ့ရပါတယ်။
အဲဒီနောက်မှာ ဟာလန်းက ကွင်းထဲကနေ ဒေါသတကြီးထွက်ခွါသွားခဲ့ပါတယ်။ ဟာလန်းဟာ စပါးနဲ့ပွဲမှာ ဂိုးသွင့်ခွင့်တွေကို လွဲချော်ခဲ့သူဖြစ်ပြီး ဂိုးဖန်တီးမှုတစ်ကြိမ်ပဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။
Photo - Reuters