ဘရိုက်တန်နဲ့ပွဲက ချဲလ်ဆီးကစားသမားတွေရဲ့ စရိုက်လက္ခဏာအပေါ် ဂုဏ်ယူမိကြောင်း စပါး နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပထမပိုင်းပြီးခါနီးမှာ ဂယ်လဂါ ထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းမှာ ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင်သွားခဲ့ရတာပါ။
ပထမပိုင်းမှာ ၂ ဂိုး၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချဲလ်ဆီးဟာ ဒုတိယပိုင်း ၆၅ မိနစ်မှာ ပင်နယ်တီကနေတဆင့် တတိယဦးဆောင်ဂိုး ရခဲ့တာပါ။
အဲဒီနောက် ပွဲပြီးခါနီးမှာ တစ်ယောက်အသာနဲ့ ဘရိုက်တန်က ချေပဂိုးတစ်ဂိုးထပ်သွင်းခဲ့ ပေမဲ့ ချဲလ်ဆီးအသင်းက အနိုင်ရလဒ်ကို ထိန်းသိမ်းသွားခဲ့တာပါ။
အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းသားတွေရဲ့ စရိုက်လက္ခဏာနဲ့ တိုက်ရည်ခိုက်ရည်စိတ်ဓာတ်အပေါ် ဂုဏ်ယူမိကြောင်း၊ ဘရိုက်တန်လို အသင်းနဲ့ ယှဉ်ပြိုင်ကစားရတာဟာ မလွယ်ကူကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
Photo - Reuters