မန်စီးတီးအသင်း ချန်ပီယံဖြစ်ဖို့ သံသယဖြစ်စရာရှိလာပြီဖြစ်ကြောင်း ကစားသမားဟောင်းရွိုင် ကိန်းက သုံးသပ်ပါတယ်။
မန်စီးတီးဟာ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ၃ ဂိုးစီသရေကျခဲ့ပြီး နိုင်ပွဲ ဆာလောင်မှုနည်းပါးခဲ့တဲ့အပေါ် ကာရေဂါက ထောက်ပြသွားခဲ့တာပါ။
ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်းက ချန်ပီယံခြေစွမ်းပြရဖို့ဆိုရင် ထိပ်တန်းအဆင့်အတန်းကို ထိန်းထားနိုင်ဖို့ လိုအပ်သလို ဆာလောင်ပြင်းပြမှုတွေလည်း လိုအပ်ကြောင်းရွိုင်ကိန်းက ပြောပါတယ်။
ရွိုင်ကိန်းက“နိုင်ပွဲအတွက် ဆာလောင်ပြင်းပြမှုသိပ်မရှိတဲ့ မန်စီးတီးအသင်းကို သံသယရှိစရာဖြစ်လာပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ လီဗာပူးတို့ကိုတော့ စောင့်ကြည့်သွားရမှာသေချာပါတယ်။ အထူးသဖြင့် အာဆင်နယ်ပိုင်ဆိုင်ထားတဲ့ လက်ရှိကစားသမားအင်အားနဲ့ မနှစ်က အတွေ့အကြုံတွေက ပိုပြီး စောင့်ကြည့်ချင်စရာပါပဲ”လို့ ပြောပါတယ်။
ရွိုင်ကိန်းရဲ့မှတ်ချက်ကို စကိုင်းစပေါ့မှာအတူ သုံးသပ်တင်ဆက်ခဲ့တဲ့ ကာရေဂါကလည်း ထောက်ခံစကားဆို သွားခဲ့ပါတယ်။
Photo - Reuters