ဗီယက်နမ်နိုင်ငံက နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက်ကမ္ဘာ့ပိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာပိုဗီနမ်အဖွဲ့က ရွှေတံဆိပ်ဆု ၂ ခု ဆွတ်ခူးခဲ့ပါတယ်။
၇ ကြိမ်မြောက် ကမ္ဘာ့ပိုဗီနမ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၃၅ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မြန်မာအသင်းက ရွှေတံဆိပ်ဆု ၂ ခု၊ ငွေတံဆိပ်ဆု ၃ ခုနဲ့ ကြေးတံဆိပ်ဆု ၉ ခု စုစုပေါင်း ဆုတံဆိပ် ၁၄ ခု ဆွတ်ခူးခဲ့ပါတယ်။
မြန်မာအားကစားအဖွဲ့အတွက် ၅၁ ကီလိုတန်းအတိုက်ပြိုင်ပွဲမှ နှင်းသက်ဝေက ရွှေတံဆိပ်ဆု ၁ ဆုနဲ့ နဲ့ Pair Knife From Mail ပြိုင်ပွဲမှ အောင်ခိုင်လင်းနဲ့ ဟိန်းထက်အောင်တို့အတွဲက ရွှေတံဆိပ်ဆုတဆု ဆွတ်ခူးခဲ့ပါတယ်။
ငွေတဆံဆိပ်ဆုတွေကို Ying Yang Sword From Female ပြိုင်ပွဲမှ ဟိန်းထက်အောင်၊ Four Element Staff From ပြိုင်ပွဲမှ တင်ထူးဇော်နဲ့ အမျိုးသား ၃ ယောက် အမျိုးသမီး ၃ ယောက်ပြိုင်ပွဲမှတင်ထူးဇော်၊ ကျော်သူစိုးအောင်၊ ဟိန်းထက်အောင်၊ ချစ်နိုဒီဆောင်း၊ မေဟန်နီအောင်လွင်နဲ့ အိန္ဒြေဖူးတို့အဖွဲ့တို့က ဆွတ်ခူးခဲ့ပါတယ်။
Cross form female ပြိုင်ပွဲမှာ ချစ်နိုဒီဆောင်းက ကြေးတံဆိပ် ၁ ခု၊ ၅၄ ကီလိုတန်း အတိုက်ပြိုင်ပွဲမှာ မင်းမင်းထိုက်က ကြေးတံဆိပ်ဆု ၁ ခု၊ Ying Yang Sword Form Male ပြိုင်ပွဲမှာ ဟိန်းထက်အောင် ကြေးတံဆိပ်ဆု ၁ ဆု၊ Pair Knife Form Male ပြိုင်ပွဲမှာ အောင်ခိုင်လင်း နဲ့ဟိန်းထက်အောင်တို့အတွဲက ကြေးတံဆိပ် ၁ဆု၊ Pair Sword Form Male ပြိုင်ပွဲမှာ တင်ထူးဇော် နဲ့ ကျော်သူစိုးအောင် တို့အတွဲက ကြေးတံဆိပ်ဆု ၁ ဆု နဲ့ Female Self-Defense အပြပြိုင်ပွဲမှာ အောင်ခိုင်လင်း နဲ့ ချစ်နိုဒီဆောင်းတို့အတွဲ ကြေးတံဆိပ်ဆု ၁ ဆုရရှိခဲ့ပါတယ်။
Male Multiple Training-01Male Athlete defends against 03 others with weapon ပြိုင်ပွဲမှာ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်၊ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် ၁ ဆု၊ One Female Athlete Defense Against 3 Male Athlete With Weapon ပြိုင်ပွဲမှာ မေဟန်နီအောင်လွင်၊ အောင်ခိုင်လင်း၊ တင်ထူးဇော် နဲ့ ကျော်သူစိုးအောင်တို့အတွဲက ကြေးတံဆိပ် ၁ ဆုနဲ့ Male Yin Yan Sword Form Team 4 ပြိုင်ပွဲမှာ အောင်ခိုင်လင်း၊ ဟိန်းထက်အောင်၊ ကျော်သူစိုးအောင်နဲ့ တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် ၁ ဆုရရှိခဲ့ပါတယ်။