နိုင်ငံတကာရာဇ၀တ်တရားရုံး ICCရဲ့ အစိုးရရှေ့နေ ကာရင်းမ်ခန်းဟာ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသနဲ့ အစ္စရေးနိုင်ငံဆီ ဒီဇင်ဘာ ၂ ရက်က သွားရောက်လည်ပတ်ချိန်မှာ ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကာရင်းမ်ခန်းဟာ ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟမ်မဒ် စတေယာနဲ့ တွေ့ဆုံခဲ့တာကို ပါလက်စတိုင်း ရုပ်သံက ထုတ်လွှင့် ပြသခဲ့ပါတယ်။
ကာရင်းမ်ခန်းဟာ ပါလက်စတိုင်းသမ္မတ မာမွတ် အာဘတ်စ်နဲ့လဲ တွေ့ဆုံခဲ့ ပြီး အာဘတ်စ် က ခန်းကို အစိုးရရှေ့နေ အနေနဲ့ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသနဲ့ ဂါဇာမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းခဲ့တယ်လို့ ပါလက်စတိုင်း သတင်းအေဂျင်စီ WAFA က ပြော ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ ကိစ္စတွေမှာ မမျှတတဲ့ ဆက်ဆံမှုလို့ သူတို့မြင်တဲ့ အချက်ကို ကန့်ကွက်တာကြောင့် ခန်းနဲ့ တွေ့ဆုံဖို့ ငြင်းခဲ့တယ်လို့ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ တွေက ပြောပါတယ်။
ဟားမတ်စ် သေနတ်သမားတွေက အစ္စရေးကို အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုမှာ သေဆုံးသူ တွေရဲ့ မိသားစုတွေကို ကိုယ်စားပြုတဲ့အဖွဲ့ တဖွဲ့က တောင်းဆို ခဲ့ပြီးတဲ့နောက် ခန်းဟာ အစ္စရေးနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းကို လာရောက်လည်ပတ်နေတာပါ။
အစိုးရ ရှေ့နေဟာ အစောပိုင်းမှာ အစ္စရေးတောင်ပိုင်းမှာ ရှိတဲ့ ဂါဇာနဲ့ နယ်စပ်က ခါဘက်စ် ဘယ်ရီနဲ့ ခါဘတ်စ် ကေဖှာအာဇာ ဒေသတွေဆီ သွားခဲ့ပြီး ဓားစာခံတွေရဲ့ မိသားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။. ဟားမတ်စ်တွေက တိုက်ခိုက်ခဲ့တဲ့ နေရာတွေကိုလည်း သွားရောက်ကြည့်ရှု ခဲ့ပါတယ်။
Source/Photo - Reuters