ခုသီတင်းပတ်ထဲမှာ အာရပ်စော်ဘွားများပြည်ထောင်စု UAE မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ စေ့စပ်ညှိနှိုင်းပွဲ COP28 မှာ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု ဖြေရှင်းရေး ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေကို အမေရိကန်နှင့် တရုတ်တို့က ဒီဇင်ဘာ ၂ ရက်မှာ ကြေညာခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အများဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား ပူးပေါင်းဆောင်ရွက်မှုဟာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပ တဲ့ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်ရဖို့ အရေးကြီးတယ်လို့ ရှုမြင်ထားကြ ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ လက်ရှိမှာ အမေရိကန် သမ္မတရဲ့ ရာသီဥတု ဆိုင်ရာ အထူးသံတမန် ဂျွန်ကယ်ရီနဲ့ တရုတ်ရာသီဥတု အထူးသံတမန် ရှဲ့ကျန်းဟွာတို့ဟာ နိုဝင်ဘာလ တုန်းက ကယ်လီဖိုးနီးယား ပြည်နယ်မှ တွေ့ဆုံခဲ့ပြီး လွန်ခဲ့တဲ့နှစ်က တရုတ်အစိုးရက ရပ်ထားခဲ့တဲ့ နှစ်နိုင်ငံ ရာသီဥတုဆိုင်ရာ အလုပ်အဖွဲ့ ပြန်လည်ရှင်သန်ရေးအတွက် နှစ်ဖက်သဘောတူခဲ့ ကြပါတယ်။
Source/Photo - Reuters