အစ္စရေးနဲ့ပဋိပက္ခမှာ ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ကို ကျောထောက်နောက်ခံပေးဖို့ စုဆောင်း ထားတဲ့ ယီမင်နိုင်ငံက ဟူသီတိုက်ခိုက်ရေးသမားတွေဟာ ယီမင်နိုင်ငံမြို့တော် ဆာနာမှာ ဒီဇင်ဘာ ၂ ရက်က ဂါဇာကမ်းမြောင်ဆီ မသွားရောက်မီ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရိုင်ဖယ်တွေနဲ့ ပါလက်စတိုင်းအလံတွေကို ကိုင်ဆောင်ထားတဲ့ ဟူသီစစ်တပ်က တပ်သားသစ်တွေ လမ်းမတွေပေါ်မှာ ချီတက်နေတဲ့ ဗီဒီယိုဖိုင်ကို ရိုက်တာသတင်းဌာနက ပြသခဲ့ပါတယ်>
နှစ်လနီးပါးကြာ စစ်ပွဲအတွင်း သီတင်းပတ် တပတ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးတဲ့ နောက် အစ္စရေးဟာ ဟားမတ်စ်စစ်သွေးကြွတွေကို အင်အားအသစ်နဲ့ ဖိအားပေး ထိုးစစ်ဆင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးရဲ့ မြေပြင်ကနေ ပေါင်းစပ်တိုက်ခိုက်မှုတွေအတွင်း လေကြောင်းနဲ့ ရေတပ် တပ်ဖွဲ့တွေဟာ စစ်သွေးကြွ ပစ်မှတ် ၄၀၀ ကို ထိမှန်ခဲ့ပြီး အတိအကျ မဖော်ပြထားတဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမား အများအပြား သေဆုံးခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေး ပြီးဆုံးချိန်ကစပြီး ဒီဇင်ဘာ ၂ ရက်အထိ ပါလက်စတိုင်း ၂၀၀ လောက် သေဆုံးခဲ့တယ်လို့ ဟားမတ်စ်မီဒီယာက ဖော်ပြခဲ့ပါတယ်။
စစ်ပွဲစတင်ချိန်ကစပြီး ခုထိ ဂါဇာမှာ သေဆုံးသူ ၁၅၀၀၀ ကျော်အထိ တိုးလာခဲ့တယ်လို့ ပါလက်စတိုင်း နယ်မြေထဲက ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source/Photo - Reuters