ဂါဇာကမ်းမြှောင်မှာ အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနဲ့ ရန်လိုမှုတွေ မပြီးမချင်း အကျဉ်းသားတွေကို အစ္စရေးနဲ့ ထပ်မံလဲလှယ်မှာ မဟုတ်ဘူးလို့ ပါလက်စတိုင်းက ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက် အကြီးအကဲ ဆာလေး အယ်လ် အာရိုရီက ပန်အာရပ်ဘ် အယ်လ်ဂျာဇီးယား ရုပ်သံကို ဒီဇင်ဘာ ၂ ရက်မှာ ပြောလိုက်ပါတယ်။
ဟားမတ်စ်က ဖမ်းဆီးထားဆဲ ဓားစာခံတွေဟာ အစ္စရေးစစ်တပ်မှာ အရင်က အမှုထမ်းခဲ့ဖူးတဲ့ အစ္စရေးစစ်သားတွေနဲ့ အရပ်သားတွေဖြစ်တယ်လို့ အာရိုရီက ပြောပါတယ်။
ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အကျဉ်းသားတွေ ပြန်လာရေး အလဲအလှယ် အနေနဲ့ လဲလှယ်ရေးကိစ္စနဲ့တောင် မတွဲသင့်တဲ့ နိုင်ငံတကာ ကတိကဝတ်ကို ပြန်ပေးဖို့၊ ကျနော်တို့ ပြည်သူတွေဆီ အကူအညီတွေ ယူဆောင် လာပေးဖို့၊ ဒီပြဿနာကို အဆုံးသတ်ဖို့ ပြင်ဆင်ထား ပါတယ်။
အမြဲတမ်း အပစ်အခတ် ရပ်စဲရေး မရှိရင် ဓားစာခံတွေ မလွတ်မြောက်နိုင်ဘူးလို့ သူက အလေးပေး ပြောဆိုခဲ့ပါတယ်။
Source/Photo - Reuters