ဂျာမနီနိုင်ငံတောင်ပိုင်းမှာ ဆောင်းရာသီအစပျိုးလာပြီး နှင်းတွေ ကျဆင်းနေတာကြောင့် မြူးနစ်မြို့ကြီးမှာ ခရီးဝေး လေကြောင်းနဲ့ မီးရထားပြေးဆွဲသွားလာမှုကို ရပ်ဆိုင်းလိုက်ရပြီး ဘာဗာရီးယားပြည်နယ်မှာလည်း သယ်ယူပို့ဆောင်ရေး ထိခိုက်ခဲ့ပါတယ်။
ရထားခရီးစဉ်နဲ့ လမ်းကြောင်းတွေကို ဖျက်သိမ်းလိုက်ရ အပြီး ဒီဇင်ဘာလ ၂ ရက်မှာ မြူးနစ်မြို့ရဲ့ ပင်မဘူတာရုံကြီးမှာ သောင်တင်နေတဲ့ ခရီးသည်တွေနဲ့ ပြည့်ကျပ်နေပါတယ်။
ဘာဗာရီယန်းမြို့ရဲ့ ပိုကြီးကျယ်တဲ့ ဧရိယာသို့ ခရီးဝေး ဝန်ဆောင်မှုတွေနဲ့ ဆားလ်ဘော့ဂ်၊ အင်းန်စ်ဘရွတ်ခ်၊ နူရင်ဘာ့ဂ်၊ စတွတ်ဂတ်၊ လင်းဒေါင်း၊ ဇူးရစ်ရှ် မြို့တွေဆီ လမ်းကြောင်းတွေဆီကိုလည်း ထိခိုက်ကုန်ပါတယ်။
ယေဘုယျအားဖြင့် ရာသီဥတုကြောင့် ဂျာမနီတောင်ပိုင်းမှာ ခရီးဝေးရထားတွေ နှောင့်နှေးခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ ရှိခဲ့ပါတယ်။
ဂျာမန်မိုးလေဝသဌာနရဲ့ အဆိုအရ ဘာဗာရီယားမှာ စနေနေ့ညနေပိုင်းက ၂၄ နာရီ အတွင်း ဆီးနှင်း ၃၀-၄၀ စင်တီမီတာလောက် ကျမယ်လို့ မျှော်လင့်ထားပါတယ်။ နှင်းတွေ အေးခဲနေတဲ့ အခြေအနေတွေနဲ့ အတူ ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
Source/Photo - Reuters