မန်ယူအသင်းအနေနဲ့ လက်ရှိအခြေအနေဆိုးတွေကနေ ကျော်လွှားနိုင်လိမ့်မယ်လို့ အသင်းနည်းပြ အဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စုတက်ဖို့ အခွင့်အလမ်းနည်းပါးနေသလို မနေ့ညက နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ရလဒ်ပိုင်းအရကော၊ ခြေစွမ်းပိုင်းအရပါ မယှဉ်နိုင်ခဲ့ဘဲ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။
အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းနဲ့ အဝေးကွင်းပွဲစဉ် ၁၃ ပွဲအထိ နိုင်ပွဲမရခဲ့တာဖြစ်ပြီး ဒီအခြေအနေတွေကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားတာပါ။
တစ်ဂိုးပြန်သွင်းနိုင်ခဲ့ပေမဲ့ လူကျွံဘောဖြစ်ခဲ့ကြောင်းနဲ့ သရေကျသင့်ပေမဲ့လည်း တစ်ပွဲစလုံး ခြုံကြည့်ရင်တော့ နယူးကာဆယ်အသင်းက နိုင်ပွဲရဖို့ ထိုက်တန်ကြောင်း နည်းပြတန် ဟတ်ဂ်ကပြောသွားပါတယ်။
မန်ယူအသင်းဟာ ဒီပွဲအရှုံးကြောင့် အနီးကပ်ဆုံးပြိုင်ဘက်တွေထက် တစ်ပွဲပိုကစားထားပေမဲ့ အဆင့် ၇ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။
Photo - Reuters