မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဒေါက်ရပ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးခဲ့တယ်လို့ တောကျီးကန်းစစ်ကြောင်းဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်၊ မနက် ၁၀ နာရီလောက်မှာ ဒေါက်ရပ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ တောကျီးကန်း စစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်း၊ KNU/KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံး၊ ၁၇ ယောက်လောက် ဒဏ်ရာ ရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
မြေပြင်မှာတော့ ဒီနေ့မနက်အထိ တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ တရစပ် ရမ်းပစ်နေတာတော့ရှိတယ်လို့ တောကျီးကန်းစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။