Home
မြန်မာသတင်း
ကိုရီးယားသို့ ရာသီချိန်လုပ်သားပို့ခွင့်ရရန် အေဂျင်စီတချို့ ကြိုးစားနေ
DVB
·
December 2, 2023
work 2122023

တောင်ကိုရီးယားနိုင်ငံကို မြန်မာရာသီချိန်လုပ်သားတွေ စေလွှတ်ခွင့်ရဖို့အတွက် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဘက်က တင်ပြကြိုးစား ဆောင်ရွက်နေတာတွေ ရှိတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

မြန်မာရာသီချိန်လုပ်သား ခေါ်ယူမယ့်ကိစ္စကို တောင်ကိုရီးယားနိုင်ငံက ငြင်းဆို ထားပေမယ့် ပြည်ပအလုပ်အကိုင် အေဂျင်စီတချို့ကတော့ လုပ်သားစေလွှတ်ခွင့် ရရှိရေးအတွက် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဆီ တင်ပြထားတာတွေ ရှိနေတာလို့ဆိုပါတယ်။

ပြည်ပအလုပ်အကိုင် အေဂျင်စီလုပ်ငန်းရှင်တယောက်က “ကိုရီးယားဘက်ကတော့ ဘယ်လို အခြေအနေရှိလဲ မသိရသေးဘူး။ ဝန်ကြီးဌာနကတော့ ကိုရီးယားကို ရာသီချိန်လုပ်သား ပို့ချင်တဲ့ အေဂျင်စီတွေရဲ့ တင်ပြလျှောက်ထားတာကို လက်ခံနေတာရှိတယ်။ ကျနော်လည်း စိတ်ဝင်စားလို့ အဲဒီလမ်းကြောင်းကို လေ့လာနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတချို့မှာတော့ မြန်မာရာသီချိန်လုပ်သားစေလွှတ်ဖို့ တင်ပြထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၁ ခုရှိတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ရာသီချိန်လုပ်သားခေါ်မယ်ဆိုရင် ကိုရီးယားနိုင်ငံက လုပ်သားခေါ်ယူမယ့် ပြည်နယ်အစိုးရရဲ့ သဘောတူညီချက်ရှိဖို့လိုပြီး အခုအချိန်အထိတော့ တရားဝင် သဘောတူကမ်းလှမ်းတာ ရှိမနေသေးဘူးလို့ အေဂျင်စီအသိုင်းအဝိုင်းက ဆိုပါတယ်။

လုပ်သက်ရင့် ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တယောက်က  “လုပ်သားစျေးကွက် အသစ်ဖြစ်လာမလားဆိုပြီး ဝင်တိုးကြည့်တဲ့ သဘောပဲ။ ရ၊ မရ ဆိုတာက မသေချာသေးဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်ပေးမယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီက လူစုဆောင်းတာ၊ ကြိုတင်ငွေကောက်ယူတာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဆိုပါတယ်။

အဲဒီလို နိုင်ငံရေးပါတီက ရာသီချိန်လုပ်သား စေလွှတ်မယ်ဆိုတဲ့ကိစ္စကို ရန်ကုန်မြို့က တောင်ကိုရီးယားသံရုံးက ငြင်းဆိုထားသလို အလုပ်သမားခေါ်ဖို့ သဘောတူထားတယ်ဆိုတဲ့ ပြည်နယ် ၃ ခုက အစိုးရတွေကလည်း မဟုတ်ဘူးလို့ ဖြေရှင်းထားပါတယ်။

NUG အစိုးရရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း မြန်မာရာသီချိန်လုပ်သား ခေါ်ယူရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာနိုင်ငံဘက်က ပြင်ဆင်မှု တစုံတရာ မ​တွေ့ရဘူးလို့ဆိုပါတယ်။

“သတင်းတွေထွက်နေတဲ့ မြန်မာရာသီချိန်လုပ်သား ခေါ်ယူမယ့်ကိစ္စကို တောင်ကိုရီးယား အာဏာပိုင်တွေက မဟုတ်ဘူးလို့ ပြောထားတာရှိတယ်။ ဒါက ပကတိအခြေအနေပဲ” လို့ သူက ပြောပါတယ်။

လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီကပဲ လုပ်သားစေလွှတ်ခွင့် ရထားသလို သင်္ဘောကျင်း လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားကို ပုဂ္ဂလိက အေဂျင်စီ ၄ ခုကပဲ တရားဝင် စေလွှတ်ခွင့် ရရှိထားတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024