လက်ဘနွန်တောင်ပိုင်းက ဘယ်လိုစိုက်ပျိုးမွေးမြူရေးမဆို ဖြစ်ထွန်းတဲ့မြေမှာ နေကြတဲ့ ရွာသား တွေဟာ စိုက်ပျိုးရာသီအစမှာ အစ္စရေးနဲ့ တိုက်ပွဲတွေကြောင့် သီတင်းပတ်ချီ အချိန်ကုန်ခဲ့ အပြီး သူတို့ရဲ့ ကောက်ပဲ သီးနှံတွေကို အပြေးအလွှား အမြန် စိုက်နေကြပါတယ်။
၂၀၀၆ စစ်ပွဲနောက်ပိုင်း အဆိုးဆုံး အကြမ်းဖက်မှုအနေနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာ တပ်တွေနဲ့ အစ္စရေးတို့ အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်နေချိန်မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထိမှန်ခဲ့တဲ့ ယာတာ ရွာထဲမှာ ဂျုံစိုက်ပြီး အသက်မွေးသူတွေ ခုတော့ ဒေသတွင်း တည်ငြိမ်လို့ စိုက်ပျိုးရေး ပြန်စနေပါပြီ။
နိုဝင်ဘာလဆန်းမှာ ကောက်ပဲသီးနှံတွေ စပြီး စိုက်ပျိုးသင့်တာ မှန်ပေမယ့် နှောင့်နှေးတာ ကြောင့်တော့ အထွက်နှုန်းကို မသက်ရောက်ဖို့ မျှော်လင့်တယ်လို့ တောင်သူ တယောက်က ပြောပါတယ်။
လွန်ခဲ့တဲ့ လေးနှစ်ကျော်က ဘဏ္ဍာရေး အကြပ်အတည်းကြောင့် စီးပွားရေး ပြိုလဲပျက်စီးနေတဲ့ လက်ဘနွန်နိုင်ငံမှာ အရာအားလုံးထက် စိုက်ပျိုးရေးက အများကြီး ပိုအရေးကြီးနေပါတယ်။
လိုတာတွေ မှန်သမျှ မဝယ်နိုင်လို့ စိုက်ဖို့လိုအပ် နေတယ်လို့ ဂျုံ၊ ပဲနဲ့ ပဲတောင့်ရှည် တို့ကို စိုက်ပျိုးတဲ့ ကလေး လေးယောက်အဖေ အသက် ၅၅နှစ်အရွယ် မူဆာ ကော်ရာနီက ပြောခဲ့ပါတယ်။
Source/Photo - Reuters