အီတလီနိုင်ငံက အတ္တနာမီးတောင် ပေါက်ကွဲနေလို့ စစ္စလီကျွန်းအရှေ့ဘက် ကမ်းရိုးတန်းက ကာတာနီယာဆိပ်ကမ်းမြို့မှာ ဒီဇင်ဘာ ၁ ရက် မနက်အရုဏ်တက်ချိန်က အနီရောင်တောက်နေတဲ့ ချော်ရည်တွေ စီးဆင်းနေလို့ ကောင်းကင်ယံမှာပါ လင်းထိန်နေတာ တွေ့ရတာပါ။
ဥရောပရဲ့ အမြင့်ဆုံးနဲ့ အလှုပ်ရှားဆုံး မီးတောင်ရဲ့ အရှေ့တောင်ဘက် မီးတောင် အူကြောင်းကနေ ချော်ရည်တွေ စီးဆင်းနေတာပါ>
အနားက ကာတာနီယာ လေဆိပ်ကတော့ မီးတောင်လှုပ်ရှားတာတွေ ပြာပူမိုး ရွာကျနေတာတွေ ကြားမှာ ဆက်ပြီး တည်ရှိနေပါတယ်။
မြို့ရဲ့ အထက်မှာရှိတဲ့ အတ္တနာမီးတောင်ဟာ မကြာခဏ ပေါက်ကွဲလေ့ရှိပေမယ့် သိသိသာသာ ပျက်စီးမှုတော့ မရှိခဲ့ပါဘူး။
အတ္တနာမီးတောင်ဟာ ခရစ်တော် မပေါ်မီ ဘီစီ ၄၂၅ ခုနှစ် အစောပိုင်းက မှတ်တမ်းတွေနဲ့ အတူ မီးတောင်အားလုံးကြားမှာ သက်တမ်း အရှည်ကြာဆုံး ပေါက်ကွဲတဲ့ သမိုင်းကြောင်းကို မှတ်တမ်း တင် ထားတယ် လို့ ယုံကြည်ကြပါတယ်။
Source/Photo - Reuters