ဆောင်းရာသီဝင်လာတာနဲ့အမျှ ဘူရ်ဇူအီကာ မီးဖိုဟာ စစ်ပွဲအတွင်း ယူကရိန်းနိုင်ငံရဲ့ ရှေ့တန်းမြို့ တွေမှာ နေသူတွေအတွက် အမြတ်နိုးဆုံးသော ပစ္စည်းဖြစ်လာပါတယ်။
ယူကရိန်းနိုင်ငံ ဇာပိုရစ်ချ်ဇီယာဒေသ ဟူလီယိုင်ပိုမြို့မှာ နေသူတွေဟာ လျှပ်စစ်မီး၊ ဓာတ်ငွေ့နဲ့ ရေမရှိပေမယ့် ချက်ပြုတ်ဖို့နဲ့ အပူပေးဖို့ သုံးတဲ့ ဘူရ်ဇူအီကာ သံပန်းမီးဖိုတွေကို ဆောင်းရာသီမှာ ရဖို့ မျှော်လင့်နေကြတာပါ။
ဘေးလွတ်ရာဆီ ရွှေ့ဖို့ ငြင်းဆန်နေကြတဲ့ သက်ကြီးနိုင်ငံသား အများစုဟာ သူတို့ကို အစားအသောက်၊ ရေနဲ့ နယ်သာလန် နိုင်ငံက လှူတဲ့ မီးဖိုတွေကို ရဲတပ်ဖွဲ့က ပို့ပေးဖို့ အားကိုး နေကြတာပါ။
အသက် ၈၂ နှစ်အရွယ် အိုလက်စန်ဒါ မိုစကယ်ယော့ဗ်ဟာ တဦးတည်းနေထိုင်ပြီး လာမယ့်ဆောင်းရာသီမှာ မီးဖိုမရှိဘဲ အသက်မရှင်နိုင်ဘူးလို့ ဆိုပါတယ်။
ဟူလီယိုင်ပိုမြို့မှာ အဆောက်အအုံ အများကြီး ပျက်စီးပြီး အရပ်သားအများအပြား ထွက်ပြေး သွားပေမယ့် ရုရှားတပ်ဖွဲ့တွေက ဒီမြို့ကို မသိမ်းပိုက်နိုင်သေးပါဘူး။
ပုံမှန်ရှိနေသူတွေက မြို့တွင်း ပစ်ခတ်သံတွေ ပဲ့တင်ထပ်နေချိန်မှာ ပုံမှန် အကာအကွယ်ယူပြီး နေခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်စနစ်ကို ဖျက်ဆီးဖို့ ကြိုးပမ်းခဲ့သလို မကြာသေးမီ သီတင်းပတ်တွေတုန်းကလဲ ယူကရိန်းရဲ့ စွမ်းအင်လေကြောင်းကနေ ဖျက်ဆီးမယ်လို့ ရုရှားက ယူကရိန်းကို သတိပေးခဲ့ပါတယ်။
Source/Photo - Reuters