စပိနိုင်ငံ ကာတာလန် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဟာ ဘာစီလိုနာမြို့မြောက်ဘက်က ကပ်လျက်ရှိနေတဲ့ အဆောက်အအုံ ၂ ခုမှာ ကျူးကျော်နေထိုင်သူတွေကို နိုဝင်ဘာ ၃၀ ရက်က နှင်ထုတ်ဖို့ သွားရာမှာ ကျူးကျော်သူတွေက ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။
ကူဘိုနဲ့ လာရွီနာ အဆောက်အဦတွေရဲ့ ဝင်ပေါက်ဂိတ်တွေကို ဖြတ်ကျော်ပြီး သံလှောင်အိမ်လိုမျိုးထဲမှာ အကာအကွယ်ယူ လမ်းထွင်သွားတဲ့ ရဲတပ်ဖွဲ့ကို အဆောက်အဦတွေအတွင်းမှ လူတွေက မီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
ဒီအဆောက်အအုံတွေဟာ လူနေရပ်ကွက်တခုမှာရှိပြီး ဒါတွေကို ပိုင်ဆိုင်ခွင့် ရရှိထားတဲ့ စပိန်နိုင်ငံရဲ့ ဆာရာဘဏ်အတွက် အခွင့်အရေးသာတဲ့ စီရင်ချက် ချမှတ်ပြီးနောက်မှာ အဆောက်အအုံထဲ နေထိုင်သူတွေကို နှင်ထုတ်ဖို့ ဒေသဆိုင်ရာတရားရုံးက အမိန့်ပေးခဲ့တာပါ။
ဘဏ်ဆိုး ဘဏ်ညံ့ လို့လည်း လူသိများကြတဲ့ အဲဒီဘဏ်ဟာ ၂၀၁၂ ခုနှစ်က စပိန်ကို လွှမ်းမိုးခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းကနေ ပြန်မဆပ်နိုင်တဲ့ ချေးငွေတွေကိုယူပြီး တည်ထောင်ထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters