နော်ဝေ F-16 ဂျက်တိုက်လေယာဉ်တွေကို ရိုမေးနီးယားနိုင်ငံဆီ လွှဲပြောင်းပေးဖို့ နော်ဝေစစ်တပ်က နိုဝင်ဘာ ၂၈ ရက်က ပြင်ဆင်နေပါတယ်။
ရိုမေးနီးယားနိုင်ငံဟာ နော်ဝေနိုင်ငံကနေ တပတ်ရစ် F-16 တိုက်လေယာဉ် ၃၂ စင်းကို ဝယ်ဖို့ ၂၀၂၂ ခုနှစ်က သဘောတူခဲ့ပါတယ်။
ရိုမေးနီးယားဟာ ၂၀၁၆ ခုနှစ်ကစပြီး ပေါ်တူဂီဆီက တိုက်လေယာဉ် ၁၇ စင်းအထိ ဝယ်ခဲ့ပါသေးတယ်။
နော်ဝေအစိုးရရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ အချက်အလက်တွေအရ ဒီဂျက်လေယာဉ်တွေကို ၂၀၂၃ နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ နှစ်သုတ်ခွဲပြီး ရိုမေးနီးယားနိုင်ငံဆီကို ပို့မှာပါ။
ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားဟာ ယူကရိန်းနိုင်ငံကို ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ အခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကို ၂ ရာခိုင်နှုန်းကနေ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။
ဒါ့အပြင် ယူကရိန်းလေယာဉ်မှူးတွေနဲ့ မဟာမိတ်တွေသုံးဖို့ F-16 တိုက်လေယာဉ်ဆိုင်ရာ သင်တန်းကျောင်းတခုကိုလည်း နိုဝင်ဘာအစောပိုင်းက ဖွင့်လှစ်ပေးခဲ့ပါတယ်။
Source/Photo-Reuters