အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသားဥယျာဉ်တခုမှာ နိုဝင်ဘာ ၂၅ ရက်က အလွန်စိုးရိမ်ဖွယ်ရာ မျိုးတုံးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဆူမားတြား ကြံ့တကောင် မွေးဖွားခဲ့ပါတယ်။
ဒါဟာ ဆူမားတြားကြံ့ ဘေးမဲ့တောမှာ တနှစ်တာအတွင်း ဒုတိယမြောက် မွေးဖွားမှုလည်း ဖြစ်ပါတယ်။
အခုလို ကြံ့အထီးလေး မွေးဖွားလာမှုကြောင့် အသေးငယ်ဆုံးနဲ့ အမွေးအများဆုံး မျိုးစိတ်ဖြစ်တဲ့ ဆူမားတြားကြံ့ ၁၀ ကောင်အထိ ဘေးမဲ့တောအတွင်း ရှိလာခဲ့ပြီဖြစ်ပါတယ်။
တကမ္ဘာလုံးမှာလည်း အကောင် ၈၀ အောက်သာ ကျန်ရှိတော့တယ်လို့ ၂၀၁၉ မျိုးတုံးပျောက်ကွယ် လုနီးပါး မျိုးစိတ်တွေအပေါ် အကဲဖြတ်မှု စစ်တမ်းအရ သိရပါတယ်။
အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာ ဝန်ကြီးဌာနကလည်း ဆူမားတြားကြံ့ အကောင်ငယ်လေးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယို မှတ်တမ်းတွေကို နိုဝင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ဒီကြံ့ကလေးရဲ့ မိခင်ဖြစ်တဲ့ အသက် ၇ နှစ်အရွယ် ဒလိုင်းလားကို အမျိုးသားဥယျာဉ်မှာပဲ မွေးဖွားခဲ့တာပါ။
အရွက်စားတိရစ္ဆာန်မျိုးစိတ်တခုဖြစ်တဲ့ ဆူမားတြားကြံ့ဟာ မကြာခင်အချိန်အတွင်း မျိုးတုံးသွားနိုင်တယ်ဆိုပြီး ယူဆထားကြသလို တခုတည်းသော ဦးချိုနှစ်ခုပါ အာရှကြံ့မျိုးစိတ်လည်း ဖြစ်ပါတယ်။
Source/Photo-Reuters