မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူလျှိုဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို လက်ခံရရှိခဲ့တယ်လို့ နိုဝင်ဘာ ၂၈ ရက်က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။
အမေရိကန် အိမ်ဖြူတော်နဲ့ ပင်တဂွန်စစ်ဌာနချုပ် အပါအဝင် နောဖက်ခ်မြို့ရဲ့ ရေတပ်စခန်းမှာရှိတဲ့ လေယာဉ်တင်သင်္ဘောတွေရဲ့ ဓာတ်ပုံတွေကို ပြသထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့အပတ်အတွင်း မြောက်ကိုရီးယားရဲ့ ပထမဆုံးသော ထောက်လှမ်းရေးဂြိုဟ်တုကို လွှတ်တင်နိုင်ခဲ့ပြီး ဒါဟာ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် စောင့်ကြည့်နိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဂြိုဟ်တုက ပေးပို့လိုက်တဲ့ နောက်ဆုံးဓာတ်ပုံတွေကို “အဓိကပစ်မှတ်ဒေသတွေ ဖြစ်တယ်” ဆိုပြီး နိုင်ငံပိုင်မီဒီယာရဲ့ အစီရင်ခံချက်ထဲမှာ သုံးနှုန်းထားပါတယ်။
တောင်ကိုရီးယားမြို့တော် ဆိုးလ်နဲ့ အမေရိကန် စစ်စခန်းတွေကိုပါ ရည်ညွှန်းထားပေမဲ့လည်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဂြိုဟ်တုဓာတ်ပုံတွေ ထုတ်ပြန်ခဲ့ခြင်းတော့ မရှိပါဘူး။
ဒါ့အပြင် အမေရိကန်အနောက်ပိုင်း ပစိဖိတ်ပိုင်နက်ဖြစ်တဲ့ ဂူအမ်ကျွန်းပေါ်က အန်ဒါဆန် လေတပ်စခန်း အပါအဝင် နောဖက်ခ်နဲ့ နယူးပေါ့တ်မြို့မှာရှိတဲ့ လေတပ်စခန်းတွေနဲ့ သင်္ဘောကျင်းတခုရဲ့ ဂြိုဟ်တုဓာတ်ပုံတွေကိုပါ ကင်မ် ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အဲ့ဒီနေရာတွေမှာ နျူးကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ၄ စင်းနဲ့အတူ ဗြိတိန် လေယာဉ်တင်သင်္ဘော ၁ စင်းကိုပါ တွေ့ရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက အတည်ပြုပါတယ်။
Source/Photo-Reuters