မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ လာမယ့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဘောလုံးပြန်ကစား နိုင်ဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်လူဟာ မနှစ်ကရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ကာလကြာရှည်စွာ အနားယူနေရတာပါ။
ဒူဘိုင်းမှာကျင်းပတဲ့ ဖော်မြူလာဝမ်းပြိုင်ပွဲဆီ လာရောက်အားပေးခဲ့တဲ့ ဒီဘရိုင်းဟာ သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ပြန်လည်ဖြေကြားခဲ့တာပါ။
ဒဏ်ရာအခြေအနေ တိုးတက်ကောင်းမွန်လာပေမဲ့ ပုံမှန်အတိုင်းပြန်လည်ကောင်း မွန်လာဖို့ လိုအပ်နေဆဲဖြစ်ကြောင်း၊ မျှော်မှန်းထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း ဒီဘရိုင်းက ပြောပါတယ်။
ဒီဘရိုင်းဟာ ဒီဇင်ဘာလအတွင်းမှာ ကစားရမယ့် ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
Photo - Reuters