Home
နိုင်ငံတကာ
လွတ်မြောက်လာသည့် ဓားစာခံ ကလေးငယ်များနှင့် အမျိုးသမီးများ အစ္စရေးရောက်
DVB
·
November 27, 2023
Israel_27112023

လွတ်မြောက်လာတဲ့ ဓားစာခံ အစ္စရေးကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ အစ္စရေးနိုင်ငံ ရှနိုက်ဒါ ကလေးဆေးဘက်ဆိုင်ရာစင်တာဆီကို နိုဝင်ဘာ ၂၆ ရက်က ဆိုက်ရောက်ခဲ့ပါတယ်။

ဓားစာခံတွေကို ဟတ်ဇီရီမ်မြို့မှာရှိတဲ့ အစ္စရေးတောင်ပိုင်း အခြေစိုက်စခန်းဆီ ပထမဆုံး ပို့ဆောင်ခဲ့တာပါ။

အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တတိယမြောက်နေ့မှာ အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ဟားမတ်စ်တွေကလည်း ဂါဇာကမ်းမြောင်မှာ  ၅၁ ရက်ကြာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံ ၁၇ ဦးကို တနင်္ဂနွေနေ့က လွှတ်ပေးခဲ့ပါတယ်။

လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်က လူပေါင်း ၁,၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ လောက်ကို ဂါဇာဆီ ခေါ်သွားပြီးနောက် ခုနှစ်ပတ်ကြာ တိုက်ပွဲတွေအတွင်း ပထမဆုံး အပစ်အခတ်ရပ်စဲရေး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားသုံးဦးနဲ့ ရုရှားနိုင်ငံသားတဦး တို့ကိုလည်း ဟားမတ်စ်အဖွဲ့က တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024