အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီကောင်းကင်မှာ နိုဝင်ဘာ ၂၇ ရက်မှာ မီးခိုးမြူတွေပြည့်နေပြီး အမြဲဖြစ်နေကျ လေထုညစ်ညမ်းမှု အကျပ်အတည်းကို ရုန်းကန် ရင်ဆိုင်နေရပါတယ်။
လတ်တလောမှာ လေထုအရည်အသွေးက ပိုကောင်းလာပေမဲ့ အခန်းပြင်ပမှာ မသက်မသာ ခံစားနေရဆဲပဲလို့ ဒေသခံ အေကေ ရှာမာက ပြောပါတယ်။
နယူးဒေလီမြို့တော်အတွက် လေထုညွှန်းကိန်းက ၃၄၉ မှတ်မှာ ရှိနေတယ်လို့ တနင်္လာမနက် ၆ နာရီ မိနစ် ၅၀ မှာ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် လေထုစောင့်ကြည့်ရေးအဖွဲ့ IQAir က ထုတ်ပြန်တဲ့ ကိန်းဂဏန်းက ပြထားပြီး ဒါဟာ အန္တရာယ်ရှိတဲ့အဆင့်ပါ။
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ကို ကျော်တက်ပြီး ကမ္ဘာ့ လေထုအညစ်ညမ်းဆုံးမြို့ စာရင်းဝင်သွားပါတယ်။
ကားတွေ၊ စက်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေက ထွက်တဲ့ ဖုန်တွေနဲ့ စိုက်ပျိုးရေးအမှိုက်တွေကို မီးရှို့ရာက ထွက်လာတဲ့ လေထုကို ညစ်ညမ်းစေတဲ့ အရာတွေကို လေအေးတွေက ဖမ်းပိုက်ထားသလို ဖြစ်နေလို့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ ဆောင်းရာသီမှာ နှစ်စဉ် လေထုအရည်အသွေး ယိုယွင်းလာလေ့ ရှိပါတယ်။
Source/Photo-Reuters