အမေရိကန်ပြည်ထောင်စု၊ ဗာမွန့်ပြည်နယ်၊ ဘာ့လင်တန်မြို့မှာ သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းအနွယ်ဝင် ကောလိပ်ကျောင်းသား ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ဒီပစ်ခတ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲနဲ့ ဖက်ဒရယ်အေးဂျင့်တွေက နိုဝင်ဘာ ၂၆ ရက်မှာ ရှာဖွေနေကြသလို ဒါဟာ အမုန်းတရားလှုံ့ဆော်တဲ့ ရာဇဝတ်မှု ဖြစ်နိုင်တယ်လို့လည်း သံယယရှိနေကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းက ဗာမွန့်တက္ကသိုလ်အနီးရှိ လမ်းပေါ်မှာ ပစ္စတိုသေနတ်နဲ့ အမျိုးသားတဦးဟာ ဒီကျောင်းသား ၃ ဦးကို ပစ်ခတ်ပြီးနောက် ထွက်ပြေးသွားခဲ့တာပါ။
ဒီဖြစ်ရပ်အတွင်း ဒဏ်ရာရရှိခဲ့သူ ၃ ဦးထဲက ၂ ဦးဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး ကျန် ၁ ဦးကိုတော့ တရားဝင်နေထိုင်သူဖြစ်ကြောင်း ဘာ့လင်တန်မြို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားချိန်အတွင်း အရှေ့အလယ်ပိုင်း ရိုးရာဝတ်စုံဖြစ်တဲ့ အဖြူ၊ အမဲပါ အရောင်ကွက်ကြား လည်စည်းတွေကို ကျောင်းသား ၂ ဦးက ဝတ်ဆင်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့က မှတ်ချက်ပေးပါတယ်။
အသက် ၂၀ အရွယ်တွေဖြစ်ကြတဲ့ ကောလိပ်ကျောင်းသား ၃ ဦးစလုံးဟာ ဒဏ်ရာပြင်းထန်မှု အပေါ်မူတည်ကာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
Source/Photo-Reuters