တောင်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်နားက မြောက်ကိုရီးယား အစောင့်စခန်းတွေမှာ စစ်သားတွေနဲ့ လက်နက်ကြီးတွေကို မြောက်ကိုရီးယားက တပ်စွဲထားတယ်လို့ တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
နေရာတော်တော်များများမှာ ပျက်စီးသွားတဲ့ အစောင့်စခန်းတွေကို ပြန်တည်ဆောက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေကို နိုဝင်ဘာ ၂၄ ရက်ကတည်းက တွေ့ခဲ့တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ပြီးခဲ့သောအပတ် ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ခြင်း အပါအဝင် သူ့အချုပ်အခြာပိုင် အခွင့်အရေးကို ဆက်လက်ကျင့်သုံးသွားမယ်လို့ တနင်္လာနေ့မှာ သတိပေး ပြောကြားခဲ့ပြီး အမေရိကန်နဲ့ သူ့မဟာမိတ်တွေကို စောင့်ကြည့်ဖို့လိုတယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားက ကင်းထောက်ဂြိုဟ်တု ပစ်လွှတ်ခဲ့လို့ ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်သဘောတူစာချုပ်မှာပါတဲ့ အဓိကအချက်တချက်ကို ဆိုင်းငံ့ထားဖို့ တောင်ကိုရီးယားဘက်ကို လှုံ့ဆော်သလိုဖြစ်ခဲ့ပြီး နယ်စပ်နားမှာ တောင်ကိုရီးယားက ဝေဟင်ကနေ ပြန်လည်စောင့်ကြည့်ခဲ့ပါတယ်။
မြောက်ကိုရီးယားကလည်း သဘောတူညီချက်ကို မလိုက်နာတော့ဘဲ တောင်ကိုရီးယားနဲ့ နယ်စပ်မှာ လက်နက်တွေ ဖြန့်ကြက်ထားမယ်လို့ တန်ပြန် ကြေညာခဲ့ပါတယ်။
Source/Photo-Reuters