Home
မြန်မာသတင်း
မင်းတပ်ကွန်မန်ဒိုတပ်ဖွဲ့က 1126 အော်ပရေးရှင်းဖြင့် စတင်တိုက်ခိုက်
DVB
·
November 27, 2023
mindat 2712023

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ 1126 အော်ပရေးရှင်းအဖြစ်  မိခင်နဲ့ ကလေးရုံးမှာ လုံခြုံရေးယူထား တဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  စစ်ကောင်စီတပ်ဖွဲ့ဝင်  ၅ ဦးသေဆုံးခဲ့တယ်လို့  မင်းတပ်ကွန်မန်ဒိုတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနက် ၈ နာရီကျော်မှာ မိခင်နဲ့ ကလေးရုံးအပေါ်ဘက်မှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ပြီး အပြင်းအထန်ဒဏ်ရာ ၄ ဦး ရရှိခဲ့ကာ ဆေးရုံရောက်မှ  ၂ ဦးထပ်မံ သေဆုံးခဲ့တာလို့ Mindat Commando Force ဦးဆောင်သူ ဆလိုင်းအန်ထော်နီက ပြောပါတယ်။

“မင်းတပ်ကွန်မန်ဒိုတပ်ဖွဲ့က မနေ့က 1126 အော်ပရေးရှင်းဆိုပြီးမှ စတင်တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ လုပ်ဆောင်နိုင်တဲ့ အခြေနေတစ်ခုထိတော့ လုပ်ဆောင်သွားမယ်၊ အကန့်အသတ်တော့ မရှိဘူး။”

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးစထိ မှန်ပြီး မြို့ခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုက်ပွဲပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က မင်းတပ်မြို့ရဲ့ နေရာအနှံ့မှာ ကင်းလှည့်နေပြီး နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာတော့ မင်းတပ်မြို့ အဝင်အထွက်ကို ယာယီပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024